Friday, May 29, 2020
Home Blog
ရန်ကုန်တိုင်းဒေသကြီး အစိုးရက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့်ထားတဲ့ ကိစ္စကို ဥပဒေနဲ့အညီဆောင်ရွက်သွားမှာဖြစ်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ မေလ (၁၆)ရက်နေ့ က သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးနဲ့ မီဒီယာတွေ Online ကနေပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။ တရားဟောဆရာဒေးဗစ်လားအပါအဝင် (၄)ဦးကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစေနိုင်တဲ့ လူစုလူဝေးပြုလုပ်ခဲ့ တာကြောင့် ရောဂါထိန်းချုပ်ရေးနဲ့ ပတ်သက်တဲ့ ညွှန်ကြားချက်တွေလိုက်နာဖို့ ပျက်ကွက်မှုနဲ့ ရန်ကုန်တိုင်း ဒေသကြီး ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီက အင်းစိန်မြို့မရဲစခန်းနဲ့ မရမ်းကုန်းမြို့မရဲစခန်းတို့ မှာ အမှုဖွင့်ဆောင်ရွက်ထားတာပါ။ လက်ရှိမှာ တရားဟောဆရာဒေးဗစ်လားကို ဗိုလ်တစ်ထောင်မြို့နယ်ရှိ ဟိုတယ်တစ်ခုမှာ Quanrantine ဝင်ရောက်နေတာဖြစ်ပါတယ်။
ကျောင်းဖွင့်ချိန်မှာ ကျောင်းပြန်တက်မယ့် ကျောင်းသားတွေအတွက် COVID-19 ရောဂါပိုး ကူးစက်မှုမရှိရအောင် ကာကွယ်နိုင်မယ့် လမ်းညွှန်ချက်တွေကို ရေးဆွဲနေတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေး အသိပညာမြှင့်တင်မှုဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးကပြောပါတယ်။ ကိုဗစ်ဆိုင်ရာ အသိတရား၊ သတိတရားကို ကလေးတွေ၊ မိဘတွေ၊ ဆရာတွေအပြင် ကျောင်းမှာရှိတဲ့ အသိုင်းအဝိုင် တွေအားလုံးသိရှိနိုင်ဖို့ဆောင်ရွက်နေပြီး အဲဒီလမ်းညွှန်ချက်တွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေနဲ့ ပညာရေးဝန်ကြီးဌာနနဲ့ပူးတွဲပြီး ကြိုတင်ရေးဆွဲပြင်ဆင်နေတယ်လို့ဆိုပါတယ်။ မကြာခင်မှာ အဲဒီလမ်းညွှန်ချက် တွေထွက်ရှိလာမှာဖြစ်တယ်လို့ ဒေါက်တာ သန်းနိုင်စိုးကပြောပါတယ်။ အဲဒီလမ်းညွှန်ချက်မှာ ကျောင်းသားတွေ အိမ်ကနေ စာသင်ခန်း၊ စာသင်ခန်းကနေ အိမ်အထိ တစ်နေ့တာပတ်လုံးဘေးကင်းလုံခြုံမှုရှိအောင်ဆောင်ရွက်ရမယ့်အချက်တွေပါဝင်တယ်လို့ဆိုပါတယ်။ ကလေးတွေရဲ့ အသက်အရွယ်က ငယ်ရွယ်တဲ့အတွက် ရောဂါပိုးကူးစက်မှုမရှိရအောင် အားလုံးဝိုင်းဝန်းပြီး လမ်းညွန်ချက်တွေအတိုင်းဆောင်ရွက်ပေး ဖို့ကိုလည်း ဒေါက်တာ သန်းနိုင်စိုးကအကြံပြုပြောကြားထားပါတယ်။
မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်ကနေ တရုတ်နိုင်ငံကို နေ့စဉ် ဆန်အိတ်(၇၀၀၀)ခန့် ပြန်လည်တင်ပို့နေတယ်လို့ မူဆယ်ဆန်စပါးကုန်စည်ဒိုင်၊ ဒုတိယ ဥက္ကဋ္ဌ ဦးမင်းသိန်းကပြောပါတယ်။ အဲဒီလို တင်ပို့တာတွေကို မေ (၁၁)ရက်က စတင်ခဲ့တာဖြစ်ပြိး တရုတ်နိုင်ငံဘက်ကလည်း ဆန် ဝယ်လိုအားရှိနေတာကြောင့် နောက်ပိုင်းမှာ ပိုမိုတင်ပို့နိုင်မှာ ဖြစ်တယ်လို့ လည်း ပြောပါတယ်။ “ တစ်နေ့ကို အိပ်(၇၀၀၀) လောက် သွားနေတယ်။ ပိုးမွှားသန့်စင်ကြောင်းကိုတော့ လိုင်အသစ်အတွက်ဆိုရင် ရန်ကုန်ကဆို ရန်ကုန်ကနေ စာရွက်အစုံ တခါတည်းပေးလိုက်တာ။ နေပြည်တော်မှာ သွားလုပ်စရာမလိုဘူး။ ရုံးခွဲတွေရှိတယ်။ မန္တလေးဆိုလည်း အဲလိုပဲ။” လို့ ဦးမင်းသိန်းက ပြောပါတယ်။ လက်ရှိ တရုတ်နိုင်ငံကိုတင်ပို့ရောင်းချ ရောင်းချနေတဲ့ဆန်တွေက မေလအတွင်း နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်း တင်ပို့ဖို့အစိုးရက ခွင့်ပြုထားတဲ့ ဆန်တန်ချိန် (၅၀၀၀၀)ထဲက ဆန်တွေဖြစ်ပါတယ်။ အခုလို တင်ပို့မှုအတွက် အစိုးရကို အရန်ဆန်(၁၀)ရာခိုင်နှုန်းပေးသွင်းရမှာ ဖြစ်တယ်လို့ ဦးမင်းသိန်းကပြောပါ တယ်။ မတ်လ...
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ကျေးရွာမှာ မေ(၉)ရက် မနက်(၁၁)နာရီ (၄၅)မိနစ်က လူနေအိမ် (၂)လုံး မီးလောင်ခဲ့ပြီး လူတစ်ယောက် မီးလောင်သေဆုံးခဲ့တယ်လို့ ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးအေးမြင့် ကပြောပါတယ်။ အဲဒီမီးလောင်မှုဟာ နေအိမ် မီးဖို မီးကြွင်းမီးကျန်ကတစ်ဆင့် လောင်ကျွမ်းခဲ့တာလို့ဆိုပါတယ်။ သေဆုံးခဲ့တဲ့ အသက်(၂၇)နှစ်အရွယ် အမျိုးသားဟာ မီးစတင်လောင်ကျွမ်းခဲ့တဲ့ အိမ်ကဖြစ်ပြီး မီးလောင်စဉ်မှာအိပ်ပျော်နေတာလို့ ဆိုပါတယ်။ အဲဒီမီးလောင်မှုကို ခရိုင်၊ မြို့နယ် မီးသတ်တပ်ဖွဲ့ ဝင်တွေ၊ တာဝန်ရှိသူတွေ၊ ကျေးရွာနေပြည်သူတွေက မီးသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၂)စီးနဲ့အတူ ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ(၁၂)နာရီကျော်မှာ မီးငြိမ်းခဲ့ပါတယ်။ မီးလောင်မှုကြောင့် လူနေအိမ် (၂)လုံး၊ ထော်လာဂျီ ခေါင်းပိုင်း၊ ဆိုင်ကယ်(၂) စီး၊ အပ်ချုပ်စက်(၂)လုံး မီးလောင်ကျွမ်းခဲ့ပြီး လူတစ်ယောက် သေဆုံးခဲ့တာပါ။ ဆုံးရှုံးမှု တန်ဖိုးကတော့ ငွေကျပ် (၁၄)သိန်းကျော်ရှိတယ်လို့ဆိုပါတယ်။ အဲဒီမီးလောင်မှုဖြစ်စဉ်အတွင်း မီးသတ်တပ်ဖွဲ့ဝင်...
ကိုဗစ်ကာလအတွင်း စိတ်ဖိစီးမှုတွေ၊ စိတ်ဓာတ်ကျဆင်းမှုတွေ ကြုံတွေ့နိုင်တဲ့အတွက် ဒီဝေဒနာတွေ ခံစားရရင် မြန်မာနိုင်ငံစိတ်ပညာအသင်းကို ဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့ အသင်းရဲ့ ဒုဥက္ကဋ္ဌ ဒေါ်သက်ထားဝင်းက ပြောပါတယ်။ အခု ကာလဟာ သာမန်မဟုတ်တဲ့ အခြေအနေ ဖြစ်တဲ့ အတွက် လူတိုင်းနီးပါး စိတ်ဖိစီးတာ၊ စိတ်ညစ်တာတွေ ဖြစ်နိုင်သလို အဆိုးဆုံး အနေနဲ့ စိတ်ကျ ရောဂါ တွေလည်း ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ “ ဖြစ်သင့် ဖြစ်ထိုက်တာတဲ့ ပိုများတာ၊ နောက် ပိုကြာနေရင်တော့ စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုပေါ့ စိတ်ကျရောဂါတွေ ဖြစ်လာနိုင်တယ်။ လူတွေမှာ တစ်ယောက်နဲ့ တစ်ယောက် ကိုယ်ရည်ကိုယ်သွေးတွေ မတူဘူး။ တချို့က ခံနိုင်ရည်ရှိတယ်။ တချို့က ခံနိုင်ရည်မရှိဘူး။ အများနားလည်အောင် ပြောရရင်တော့ စိတ်ပျော့တယ်ပေါ့။ စိတ်ပျော့တဲ့သူဆိုရင်တော့ စိတ်ဖိစီးမှုတွေ ဖြစ်လာနိုင်တာပေါ့။ အဲလိုဖြစ်ရင် စိတ် ပညာရှင်တစ်ယောက်နဲ့ တွေ့ပြီး နှစ်သိမ့်ဆွေးနွေးတာတွေ လုပ်သင့်တာပေါ့”လို့ ဒေါ်သက်ထားဝင်းက...
အသက်မပြည့်သေးတဲ့ အိမ်အကူမိန်းကလေးကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာကို အရှေ့ပိုင်းခရိုင်တရားရုံးမှာ မေလ (၈)ရက်က တရားစွဲတင်လိုက်တယ်လို့ အိမ်အကူမိန်းကလေးရဲ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။ " ဒီမှာက မုဒိမ်းမှုက မင်းရာဇာတစ်ယောက်တည်းနဲ့ သက်ဆိုင်တာမို့ မုဒိမ်းမှုနဲ့ တရားစွဲတင်တာ '' လို့ ဦးရောဘတ်စန်းအောင်က မီဒီယာတွေကို ပြောပါတယ်။ အမှုမှာ တရားလို၊ ရှာဖွေသက်သေ၊ မှုခင်းဆရာဝန် နဲ့ အမှုစစ် ရဲအရာရှိ အပါအဝင် တရားလိုပြသက်သေ (၁၀) ဦး ခန့်ရှိတယ်လို့ ဆိုပါတယ်။ အဲဒီအမှုကို မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေးပြုလုပ်ပြီး စစ်ဆေးမှာ ဖြစ်လို့ အမှုမြန်ဆန်ဖွယ် ရှိတယ်လို့ ဦးရောဘတ်စန်းအောင်က သုံးသပ်ပြောပါတယ်။ အမှုရုံးချိန်းကိုတော့ မေလ (၂၂) ရက်ကို ချိန်းဆိုထားပါတယ်။ မြောက်ဥက္ကလာပမြို့နယ်တရားရုံးမှာလည်းသရုပ်ဆောင်မင်းရာဇာ၊ ဇနီးဖြစ်သူ၊ ယောက္ခမဖြစ်သူ နဲ့ မန်နေဂျာတို့ (၄) ဦးကို အပြင်းအထန်နာကျင်စေမှု ပုဒ်မ၊ ပူးပေါင်းပါဝင်မှု...
မကွေးမြို့နယ်မှာ မေ(၆)ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့တဲ့နေအိမ်တွေအတွက် မကွေး တိုင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနက မေ(၇)ရက်မှာ ငွေကျပ်(၆၈)သိန်းဝန်းကျင်နဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တယ်လို့ တာဝန်ရှိသူ ကပြောပါတယ်။ လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာ (၁)ရွာနဲ့ ရပ်ကွက်(၆) ရပ်ကွက်မှာ ပြိုကျလူနေအိမ် (၇)လုံးရှိခဲ့ပြီး အမိုးလန်ပျက်စီးတဲ့ နေအိမ်ကတော့ (၁၁၇)လုံးရှိခဲ့တယ်လို့ဆိုပါ တယ်။ အိမ်ထောင်စုပေါင်း (၁၂၄) စုနဲ့ လူဦးရေ (၅၀၀)ကျော် လေဘေးသင့်ခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနက တိုင်းဦးစီးမှူး ဦးမြင့်စိုးက ပြောပါတယ်။ လက်ရှိမှာတော့ ဆန်ရိက္ခာနဲ့ အိမ်ဆောက် ပစ္စည်းတွေကို ထောက်ပံ့ပေးထားတယ်လို့ မကွေးတိုင်း၊ တိုင်းဦးစီးမှူး ဦးမြင့်စိုးက ပြောပါတယ်။ မကွေးမြို့နယ်မှာ အခုနှစ်အတွင်း လေပြင်းတိုက်ခတ်မှု(၂)ကြိမ်ဖြစ်ပွားခဲ့သလို မင်းဘူး၊ မင်းလှ၊ သရက်၊ ဂန့်ဂေါ၊ မြိုင်၊ ဆင်ပေါင်ဝဲ စတဲ့ မြို့နယ်(၆)မြို့နယ်မှာလည်း လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် သက်ဆိုင်ရာ မြို့နယ်...
COVID-19 ကြောင့် ရပ်ဆိုင်းထားရတဲ့ အသက်(၅)နှစ်အောက်အရွယ် ကလေးငယ်တွေကို ကာကွယ်ဆေးထိုး ပေးဖို့နဲ့ ရာသီအလိုက်ရောဂါကာကွယ်ဆေးတွေကို ပြန်လည်ထိုးပေးနိုင်ဖို့ စဉ်းစားနေတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ မေ(၈)ရက်ကပြုလုပ်တဲ့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ ပါဝင်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ကလေးမြို့ ကုတင်(၃၀၀)ဆံ့ဆေးရုံအုပ်ကြီး၊ ကလေးအထူးကုဆရာဝန်ကြီးနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ အပြန်အလှန်ဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။ “ ကာကွယ်ဆေးတွေနဲ့ ပတ်သက်လို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့လည်း တိုင်ပင်လိုက်ပါ့မယ်။ ကိုဗစ်ကိုလည်း ကြည့်နေရတော့ ဘယ်လိုပုံစံတွေနဲ့ လုပ်ရင် ဖြစ်မြောက်နိုင်မလဲ ဆိုတာကို မုံရွာအတွက်တင်မဟုတ်ဘူး တစ်တိုင်းပြည်လုံးအတွက် စဉ်းစားရမှာပါ။ ရာသီအလိုက်ဖြစ်ပေါ်တဲ့ ရောဂါတွေနဲ့ ပတ်သက်ပြီး ကျွန်မတို့ သတိပေးထားပါတယ်။ COVID-19 ဖြစ်တာနဲ့ တခြားရောဂါတွေ မဖြစ်တာမဟုတ်ပါဘူး။ ကျန်းမာရေးဝန်ကြီး ဌာနကတော့ မိုးကျရင် ဖြစ်တတ်တဲ့ ရောဂါတွေအတွက် တတ်နိုင်သမျှ ထည့်တွက်ထားပါတယ်။ ကလေးတွေ...