ဆရာ ဒေးဗစ်လားနဲ့ ဦးဝေထွန်း(နဝရတ်)တို့ကို အမှုဖွင့်လိုက်ပါပြီ

0
2517

တရားဟောဆရာ ဒေးဗစ်လား အပါအဝင် ၄ ဦးကို သဘာဝဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်

ရောဂါဖြစ်ပွာစေနိုင်သည့် လူစုလူဝေး ပြုလုပ်ဆောင်ရွက်သဖြင့် တရားဟောဆရာ စောဒေးဗစ်လားအပါအဝင် ၄ ဦး ကို အမှုဖွင့်လိုက်ကြောင်းရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက သတင်းထုတ်ပြန် ထားသည်။ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်များအား လိုက်နာရန်ပျက်ကွက်ခဲ့၍ ယင်းသို့ အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဦးစောကွယ်ဝါး(သင်းအုပ်ဆရာ)နှင့် အမှုတော်ဆောင် ဦးစောရေဂန်ဒီတို့အား ရောဂါ ဖြစ်ပွားစေနိုင်သည့် လူစုလူဝေး ပြုလုပ်ဆောင်ရွက်ခဲ့ခြင်းအပေါ် သဘာဝဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ အင်းစိန်မြို့မ ရဲစခန်းမှ (ပ) ၇၀၆ /၂၀၂၀/၂၀၁၃ ဖြင့်လည်းကောင်း ၊ ဦးစောဒေးဗစ် (ခ) ဦးစောဒေးဗစ်လား (တရားဟော ဆရာ) နှင့် ဦးဝေထွန်း (နဝရတ် တေးသံသွင်း) တို့အား ရောဂါဖြစ်ပွားစေနိုင်သည့် လူစုလူဝေး ပြုလုပ်ခဲ့မှု အပေါ် သဘာဝဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ မရမ်းကုန်းမြို့မရဲစခန်းမှ အမှုအမှတ် (ပ) (၅၈၃/၂၀၂၀) ဖြင့်လည်းကောင်း အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

ယင်းအပြင် ဧပြီ ၁၄ရက်အထိ ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ရန်ကုန်အနောက်ပိုင်း ခရိုင်နှင့် ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ COVID-19(Positive)တွေ့ရှိခဲ့သူများနေထိုင်ရာများဖြစ်သည့်
၁။ ခြံအမှတ်(၃၂)နှင့် ခြံအမှတ်(၂၄)၊ အမှတ်(၁၅)ရပ်ကွက်၊ သံသုမာလမ်းနှင့် ဇီဇဝါဥယျာဉ်အိမ်ရာ၊ တောင်ဥက္ကလာပမြို့နယ်၊

၂ ။အမှတ်(မ/၂)နှင့် (မ/၄)၊ အမှတ်(၇)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊

၃။အမှတ်(၄/၁၉)၊ အမှတ်(၄)ရပ်ကွက်၊ သီရိမင်္ဂလာလမ်း၊ မရမ်းကုန်းမြို့နယ်၊

၄။ပုလဲကွန်ဒို(ဘီ)၊ အခန်း(၈၂)ခန်း၊ ဆရာစံရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းနှင့် ဆရာစံလမ်းထောင့်၊ ဗဟန်းမြို့နယ်၊

၅။အမှတ်(၉၇၆)၊ ကျမ်းစာသင်ကျောင်းလမ်း၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ်၊(ဗေသလနှစ်ခြင်းရစ်ယာန်ဘုရားရှိခိုးကျောင်း)၊

၆။အမှတ်(၁၀၂၃)၊ အခန်း(၄-အေ)၊ ကျမ်းစာသင်ကျောင်းလမ်း၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊အင်းစိန်မြို့နယ်၊

၇။အမှတ်(၁၀၀၅)၊ သုမေတ္တာလမ်း၊ ခတ္တာလမ်းသွယ်၊ ရွာမအရှေ့ရပ်ကွက်၊ အင်းစိန် မြို့နယ်၊

၈။သာယာအေး (၂)လမ်း၊ တောင်သူကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊

၉။အမှတ်(၄၆)၊ အမှတ်(၁)ရပ်ကွက်၊ မိချောင်းအိုင်ရွာ၊ ရတနာမိုးလမ်း၊ ရွှေပြည်သာမြို့နယ်၊

၁၀။အမှတ်(၃၁၈)၊ သမိန်ဗရမ်းလမ်း၊ အမှတ်(၇)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်တို့ကိုလည်း

အသွားအလာကန့်သတ်တားမြစ်ခြင်း(Lock Down)ပြုလုပ်ထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Zawgyi

ဆရာ ေဒးဗစ္လားနဲ႔ ဦးေဝထြန္း(နဝရတ္)တို႔ကို အမႈဖြင့္လိုက္ပါၿပီ
တရားေဟာဆရာ ေဒးဗစ္လား အပါအဝင္ ၄ ဦးကို သဘာဝေဘးအႏၲ ရာယ္ဆိုင္ရာ စီမံခန္႔ခြဲမွုဥပေဒျဖင့္ အမွုဖြင့္ေရာဂါျဖစ္ပြာေစနိုင္သည့္ လူစုလူေဝး ျပဳလုပ္ေဆာင္ရြက္သျဖင့္ တရားေဟာဆရာ ေစာေဒးဗစ္လားအပါအဝင္ ၄ ဦး ကို အမွုဖြင့္လိုက္ေၾကာင္းရန္ကုန္တိုင္းေဒသႀကီး COVID-19 ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရး ေကာ္မတီက သတင္းထုတ္ျပန္ ထားသည္။က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ ရန္ကုန္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕တို့မွ COVID-19 ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရးလုပ္ငန္းမ်ားႏွင့္ပတ္သက္၍ ထုတ္ျပန္ခဲ့သည့္ ညႊန္ၾကားခ်က္မ်ားအား လိုက္နာရန္ပ်က္ကြက္ခဲ့၍ ယင္းသို့ အမွုဖြင့္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ဦးေစာကြယ္ဝါး(သင္းအုပ္ဆရာ)ႏွင့္ အမွုေတာ္ေဆာင္ ဦးေစာေရဂန္ဒီတို့အား ေရာဂါ ျဖစ္ပြားေစနိုင္သည့္ လူစုလူေဝး ျပဳလုပ္ေဆာင္ရြက္ခဲ့ျခင္းအေပၚ သဘာဝေဘးအႏၲ ရာယ္ဆိုင္ရာ စီမံခန္႔ခြဲမွု ဥပေဒအရ အင္းစိန္ၿမိဳ့မ ရဲစခန္းမွ (ပ) ၇၀၆ /၂၀၂၀/၂၀၁၃ ျဖင့္လည္းေကာင္း ၊ ဦးေစာေဒးဗစ္ (ခ) ဦးေစာေဒးဗစ္လား (တရားေဟာ ဆရာ) ႏွင့္ ဦးေဝထြန္း (နဝရတ္ ေတးသံသြင္း) တို့အား ေရာဂါျဖစ္ပြားေစနိုင္သည့္ လူစုလူေဝး ျပဳလုပ္ခဲ့မွု အေပၚ သဘာဝေဘးအႏၲ ရာယ္ဆိုင္ရာ စီမံခန္႔ခြဲမွု ဥပေဒအရ မရမ္းကုန္းၿမိဳ့မရဲစခန္းမွ အမွုအမွတ္ (ပ) (၅၈၃/၂၀၂၀) ျဖင့္လည္းေကာင္း အမွုဖြင့္လွစ္ထားေၾကာင္း သိရသည္။

ယင္းအျပင္ ဧၿပီ ၁၄ရက္အထိ ရန္ကုန္ အေရွ႕ပိုင္းခရိုင္၊ ရန္ကုန္အေနာက္ပိုင္း ခရိုင္ႏွင့္ ရန္ကုန္ေျမာက္ပိုင္းခရိုင္အတြင္းရွိ COVID-19(Positive)ေတြ႕ရွိခဲ့သူမ်ားေနထိုင္ရာမ်ားျဖစ္သည့္
၁။ ၿခံအမွတ္(၃၂)ႏွင့္ ၿခံအမွတ္(၂၄)၊ အမွတ္(၁၅)ရပ္ကြက္၊ သံသုမာလမ္းႏွင့္ ဇီဇဝါဥယ်ာဥ္အိမ္ရာ၊ ေတာင္ဥကၠလာပၿမိဳ့နယ္၊

၂ ။အမွတ္(မ/၂)ႏွင့္ (မ/၄)၊ အမွတ္(၇)ရပ္ကြက္၊ ကမၻာေအးဘုရားလမ္း၊ မရမ္းကုန္းၿမိဳ့နယ္၊

၃။အမွတ္(၄/၁၉)၊ အမွတ္(၄)ရပ္ကြက္၊ သီရိမဂၤလာလမ္း၊ မရမ္းကုန္းၿမိဳ့နယ္၊

၄။ပုလဲကြန္ဒို(ဘီ)၊ အခန္း(၈၂)ခန္း၊ ဆရာစံရပ္ကြက္၊ ကမၻာေအးဘုရားလမ္းႏွင့္ ဆရာစံလမ္းေထာင့္၊ ဗဟန္းၿမိဳ့နယ္၊

၅။အမွတ္(၉၇၆)၊ က်မ္းစာသင္ေက်ာင္းလမ္း၊ ႀကိဳ့ကုန္းအေရွ႕ရပ္ကြက္၊ အင္းစိန္ၿမိဳ့နယ္၊(ေဗသလႏွစ္ျခင္းရစ္ယာန္ဘုရားရွိခိုးေက်ာင္း)၊

၆။အမွတ္(၁၀၂၃)၊ အခန္း(၄-ေအ)၊ က်မ္းစာသင္ေက်ာင္းလမ္း၊ ႀကိဳ့ကုန္းအေရွ႕ရပ္ကြက္၊အင္းစိန္ၿမိဳ့နယ္၊

၇။အမွတ္(၁၀၀၅)၊ သုေမတၱာလမ္း၊ ခတၱာလမ္းသြယ္၊ ရြာမအေရွ႕ရပ္ကြက္၊ အင္းစိန္ ၿမိဳ့နယ္၊

၈။သာယာေအး (၂)လမ္း၊ ေတာင္သူကုန္းရပ္ကြက္၊ အင္းစိန္ၿမိဳ့နယ္၊

၉။အမွတ္(၄၆)၊ အမွတ္(၁)ရပ္ကြက္၊ မိေခ်ာင္းအိုင္ရြာ၊ ရတနာမိုးလမ္း၊ ေရႊျပည္သာၿမိဳ့နယ္၊

၁၀။အမွတ္(၃၁၈)၊ သမိန္ဗရမ္းလမ္း၊ အမွတ္(၇)ရပ္ကြက္၊ ေရႊျပည္သာၿမိဳ့နယ္တို့ကိုလည္း

အသြားအလာကန႔္သတ္တားျမစ္ျခင္း(Lock Down)ျပဳလုပ္ထားခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။