ကိုရိုနာဗိုင်းရပ်စ်ဟာ လူလုပ် ဗိုင်းရပ်စ်တစ်ခုဖြစ်ကြောင်း HIV ဗိုင်းရပ်စ်ကို ရှာဖွေတွေ့ရှိသူ နိုဗယ်လ်ဆုရ ဆေးပညာရှင်ပြော

0
15698

လက်ရှိ အများယုံကြည်လျက်ရှိသည့် အမြင်များကို ဆန့်ကျင်လျက် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (COVID 19) သည် လူလုပ် ဗိုင်းရပ်စ်တစ်ခုဖြစ်နိုင်ကြောင်း HIV ဗိုင်းရပ်စ်ကို ရှာဖွေတွေ့ရှိခဲ့သည့် နိုဗယ်လ်ဆုရ ဆေးပညာရှင်က ပြောကြားလိုက် သည်။

၂၀၀၈ ခုနှစ်က ဆေးပညာဆိုင်ရာ နိုဗယ်လ်ဆုချီးမြှင့်ခြင်းခံခဲ့ရသည့် ပါမောက္ခ ‌ဒေါက်တာ Luc Montagnier က လူအများယုံကြည်နေကြသည့် ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုးသည် သဘာဝအရ ဖြစ်လာသောပိုးတစ်မျိုးဖြစ်ပြီး လင်းနို့မှတစ်ဆင့် လူသားများထံ ကူးစက်ခဲ့သည်ဆိုသည့် ယူဆချက်ကို ဆန့်ကျင်ခဲ့ပြီး တရုတ်သုတေသနပညာရှင်များသည် အေအိုင်ဒီအက်စ်ရောဂါပျောက်ဆေးကို ထုတ်လုပ်နိုင်ရန်အတွက် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်သော သုတေသနပြုဆောင်ရွက်ချက်များ ပြုလုပ်ခဲ့သည်ကို ၎င်းအနေဖြင့် သိရှိကြောင်းနှင့် ထိုမှတစ်ဆင့် ပြန့်နှံ့လာသည်ဖြစ်နိုင်ကြောင်း ပြောကြားလိုက်သည်။

တရုတ်အစိုးရထုတ်ပြန်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့ပုံဇာတ်လမ်းဟာ မယုံကြည်မှုတွေရှိနေတယ်ဆိုတာ ကျွန်တော်တို့အနေနဲ့ သိထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လေ့လာမှုတွေအရဆိုရင်လည်း လူ ၁၁၀,၀၀၀ ‌လောက်သေဆုံးထားတဲ့ ဒီကိုရိုနာဗိုင်းရပ်စ် ဇာတ်လမ်းဟာ လုံးဝကြီးကွဲလွဲဆန့်ကျင်နေပါတယ်။ ဒီဗိုင်းရပ်စ်ဟာ HIV ဆေးရှာဖွေရင်းတွေ့ခဲ့တာဖြစ်ပြီး ဝူဟန်မြို့က ဓာတ်ခွဲခန်းကတစ်ဆင့် မတော်တဆ လွတ်ထွက်လာတာပါ။ အေအိုင်ဒီအက်စ်ရောဂါပျောက်ဆေးထုတ်လုပ်ဖို့အတွက် ကြားခံဗိုင်းရပ်စ်အဖြစ် အသုံးပြုခဲ့တဲ့ ဗိုင်းရပ်စ်တစ်ခုပါ ” လို့ ၎င်းက ပြောကြားခဲ့သည်။

ဒေါက်တာ Montagnier ဟာ ပြင်သစ်အခြေစိုက် Pourquoi Docteur ရဲ့ နေ့စဉ် ဆေးပညာဆိုင်ရာ အမေးအဖြကဏ္ဍမှာ ကိုရိုနာဗိုင်းရပ်စ်ပြန့်နှံ့ပုံနဲ့ပတ်သက်တဲ့မေးခွန်းကို Dr Jean-François Lemoine ကမေးမြန်းစဉ် အထက်ပါအတိုင်းဖြေကြားခဲ့တာပဲဖြစ်ကြောင်း GILMORE ကျန်းမာရေးသတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့သည်။

” ကျွန်တော်နဲ့ လုပ်ဖော်ကိုင်ဖက် ဇီဝဗေဒပညာရှင် Jean-Claude Perez တို့နှစ်ဦး ဒီ(ကိုရိုနာဗိုင်းရပ်စ်) ရဲ့ မျိုးရိုးဗီဇကို ဂရုတစိုက်လေ့လာကြည့်တဲ့အခါ အခုလိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒါကို အချို့သုတေသနပညာရှင်တွေလည်း တွေ့ရှိထားပြီးဖြစ်သလို အိန္ဒိယ သုတေသနပညာရှင်တွေကဆိုရင် ကိုရိုနာဗိုင်းရပ်စ်ဟာ HIV ကုသဆေးဖော်ထုတ်ဖို့ ကြိုးပမ်းမှုကနေ ထွက်ပေါ်လာတာဖြစ်တယ်လို့ ကြေညာခဲ့ပြီးမှ သူတို့ကြေညာချက်ကို ပြန်လည်ရုပ်သိမ်းသွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့တွေ့ရှိချက်ကို ပြင်ပကကြီးမားတဲ့ ဖိအားတွေကြောင့် ပြန်လည်ရုပ်သိမ်းလိုက်ရပုံ ရှိပါတယ်” လို့ ၎င်းက ပြောကြားခဲ့သည်။

သူကဆက်လက်ပြောကြားရာမှာ ဒါဟာ ဝူဟန်ဓာ်ခွဲခန်းကနေ မတော်တဆ လွတ်ထွက်လာတာသာဖြစ်ကြောင်းနဲ့ ကိုရိုနာဗိုင်းရပ်စ်ကိုဖန်တီးမှုဟာ HIV ဆေးဖော်ဖို့ ကြိုးစားမှုအတွက်သာဖြစ်တယ်လို့ ထပ်မံပြောကြားခဲ့သည်။

Zawgyi

ကို႐ိုနာဗိုင္းရပ္စ္ဟာ လူလုပ္ ဗိုင္းရပ္စ္တစ္ခုျဖစ္ေၾကာင္း HIV ဗိုင္းရပ္စ္ကို ရွာေဖြေတြ႕ရွိသူ ႏိုဗယ္လ္ဆုရ ေဆးပညာရွင္ေျပာ

လက္ရွိ အမ်ားယုံၾကည္လ်က္ရွိသည့္ အျမင္မ်ားကို ဆန႔္က်င္လ်က္ ႏိုဗယ္ကို႐ိုနာဗိုင္းရပ္စ္ (COVID 19) သည္ လူလုပ္ ဗိုင္းရပ္စ္တစ္ခုျဖစ္ႏိုင္ေၾကာင္း HIV ဗိုင္းရပ္စ္ကို ရွာေဖြေတြ႕ရွိခဲ့သည့္ ႏိုဗယ္လ္ဆုရ ေဆးပညာရွင္က ေျပာၾကားလိုက္ သည္။

၂၀၀၈ ခုႏွစ္က ေဆးပညာဆိုင္ရာ ႏိုဗယ္လ္ဆုခ်ီးျမႇင့္ျခင္းခံခဲ့ရသည့္ ပါေမာကၡ ‌ေဒါက္တာ Luc Montagnier က လူအမ်ားယုံၾကည္ေနၾကသည့္ ကိုဗစ္ ၁၉ ဗိုင္းရပ္စ္ပိုးသည္ သဘာဝအရ ျဖစ္လာေသာပိုးတစ္မ်ိဳးျဖစ္ၿပီး လင္းႏို႔မွတစ္ဆင့္ လူသားမ်ားထံ ကူးစက္ခဲ့သည္ဆိုသည့္ ယူဆခ်က္ကို ဆန႔္က်င္ခဲ့ၿပီး တ႐ုတ္သုေတသနပညာရွင္မ်ားသည္ ေအအိုင္ဒီအက္စ္ေရာဂါေပ်ာက္ေဆးကို ထုတ္လုပ္ႏိုင္ရန္အတြက္ ကို႐ိုနာဗိုင္းရပ္စ္ႏွင့္ပတ္သက္ေသာ သုေတသနျပဳေဆာင္႐ြက္ခ်က္မ်ား ျပဳလုပ္ခဲ့သည္ကို ၎အေနျဖင့္ သိရွိေၾကာင္းႏွင့္ ထိုမွတစ္ဆင့္ ျပန႔္ႏွံ႔လာသည္ျဖစ္ႏိုင္ေၾကာင္း ေျပာၾကားလိုက္သည္။

တ႐ုတ္အစိုးရထုတ္ျပန္တဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ႏွံ႔ပုံဇာတ္လမ္းဟာ မယုံၾကည္မႈေတြရွိေနတယ္ဆိုတာ ကြၽန္ေတာ္တို႔အေနနဲ႔ သိထားၿပီးျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ ေလ့လာမႈေတြအရဆိုရင္လည္း လူ ၁၁၀,၀၀၀ ‌ေလာက္ေသဆုံးထားတဲ့ ဒီကို႐ိုနာဗိုင္းရပ္စ္ ဇာတ္လမ္းဟာ လုံးဝႀကီးကြဲလြဲဆန႔္က်င္ေနပါတယ္။ ဒီဗိုင္းရပ္စ္ဟာ HIV ေဆးရွာေဖြရင္းေတြ႕ခဲ့တာျဖစ္ၿပီး ဝူဟန္ၿမိဳ႕က ဓာတ္ခြဲခန္းကတစ္ဆင့္ မေတာ္တဆ လြတ္ထြက္လာတာပါ။ ေအအိုင္ဒီအက္စ္ေရာဂါေပ်ာက္ေဆးထုတ္လုပ္ဖို႔အတြက္ ၾကားခံဗိုင္းရပ္စ္အျဖစ္ အသုံးျပဳခဲ့တဲ့ ဗိုင္းရပ္စ္တစ္ခုပါ ” လို႔ ၎က ေျပာၾကားခဲ့သည္။

ေဒါက္တာ Montagnier ဟာ ျပင္သစ္အေျခစိုက္ Pourquoi Docteur ရဲ႕ ေန႔စဥ္ ေဆးပညာဆိုင္ရာ အေမးအျဖက႑မွာ ကို႐ိုနာဗိုင္းရပ္စ္ျပန႔္ႏွံ႔ပုံနဲ႔ပတ္သက္တဲ့ေမးခြန္းကို Dr Jean-François Lemoine ကေမးျမန္းစဥ္ အထက္ပါအတိုင္းေျဖၾကားခဲ့တာပဲျဖစ္ေၾကာင္း GILMORE က်န္းမာေရးသတင္းဝက္ဘ္ဆိုက္က ေရးသားေဖာ္ျပခဲ့သည္။

” ကြၽန္ေတာ္နဲ႔ လုပ္ေဖာ္ကိုင္ဖက္ ဇီဝေဗဒပညာရွင္ Jean-Claude Perez တို႔ႏွစ္ဦး ဒီ(ကို႐ိုနာဗိုင္းရပ္စ္) ရဲ႕ မ်ိဳး႐ိုးဗီဇကို ဂ႐ုတစိုက္ေလ့လာၾကည့္တဲ့အခါ အခုလိုေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ ဒါကို အခ်ိဳ႕သုေတသနပညာရွင္ေတြလည္း ေတြ႕ရွိထားၿပီးျဖစ္သလို အိႏၵိယ သုေတသနပညာရွင္ေတြကဆိုရင္ ကို႐ိုနာဗိုင္းရပ္စ္ဟာ HIV ကုသေဆးေဖာ္ထုတ္ဖို႔ ႀကိဳးပမ္းမႈကေန ထြက္ေပၚလာတာျဖစ္တယ္လို႔ ေၾကညာခဲ့ၿပီးမွ သူတို႔ေၾကညာခ်က္ကို ျပန္လည္႐ုပ္သိမ္းသြားခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ သူတို႔ေတြ႕ရွိခ်က္ကို ျပင္ပကႀကီးမားတဲ့ ဖိအားေတြေၾကာင့္ ျပန္လည္႐ုပ္သိမ္းလိုက္ရပုံ ရွိပါတယ္” လို႔ ၎က ေျပာၾကားခဲ့သည္။

သူကဆက္လက္ေျပာၾကားရာမွာ ဒါဟာ ဝူဟန္ဓာ္ခြဲခန္းကေန မေတာ္တဆ လြတ္ထြက္လာတာသာျဖစ္ေၾကာင္းနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ကိုဖန္တီးမႈဟာ HIV ေဆးေဖာ္ဖို႔ ႀကိဳးစားမႈအတြက္သာျဖစ္တယ္လို႔ ထပ္မံေျပာၾကားခဲ့သည္။