အမျိုးသား (၂) ဦးက စိတ်မနှံ့သည့် အဘွားအိုကြီးကို အဓမ္မပြုကျင့်၍ အဘွားအိုသေဆုံး

0
254

ခဲနဲ့ပေါက်လွတ်သည့်စိတ်မနှံ့သည့် အဘွားအိုကြီးကို သုံးထပ်ဆောင် ဓမ္မာရုံသစ်အောက်အရက်လာသောက်သည့်အမျိုးသား (၂) ဦးက နှာခေါင်းနှင့် ပါးစပ်တို့တို အဝတ်စ ဖြ င့်ပိတ်ဆို့ပြီး အဓမ္မပြုကျင့်ခဲ့ရာ သေဆုံးသွားခဲ့၍ ပြစ်မှုကျူးလွန်သူအမျိုးသား (၂) ဦးကိုဖမ်းဆီးရမိထားပြီး လူသတ်မှု၊ မုဒိန်းမှုတို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း စစ်ကိုင်းမြို့မ ရဲစခန်းမှ သိရှိရသည်။
စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက် ၁၉/၂၀ လမ်းထိပ် ပေါ်တော်မူဘုရားမြောက်ဘက် မိုးချောင်းအတွင်းမှာ ကျုးကျော်နေအိမ်များမှာ နေထိုင်သည့်သူများဖြစ်သော အရက်မူးနေကြသော
အသက် (၂၄) နှစ်ရှိ ကိုဇင်မျိုး (ခ) ဂျက် နှင့်အသက် (၁၇) နှစ်ရှိ မောင်အောင်ကျော်ထက် (ခ) စိုးပေတို့ သည် မေလ (၃) ရက်နေ့ ည (၁၁) နာရီအချိန်ခန့်ကစစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့၊ ဒါးဝယ်ဈေးရပ်ကွက်၊ ငါးထပ်ကြီး ဘုရားဝန်းအတွင်း ရှိ ဘုရားကြီးဘေးရှိမြောက်ဘက်မုဒ် သုံးထပ်ဆောင် ဓမ္မာရုံသစ်ကြီးအောက်တွင် အရက်သောက်ရန် ရောက်ရှိလာစဉ် ဓမ္မာရုံသစ်ကြီး အောက်၌ ညအိပ်နေသော စိတ်မနှံသည့်အဘွားအိုကြိး (ဒေါ်တင်ဌေး အသက် ၆၅ နှစ်) က အရက်သောက်ရန်လာသူ (၂) ဦးကို ခဲများဖြင့်ပစ်ခတ်မောင်းထုတ်စဉ် အမျိုးသား (၂) ဦးက အရက်မူးနေသည့် ဒေါသစိတ်ကာမလွန်ကဲသောစိတ်တို့ဖြင့် အဖွားအိုအားတွန်းလှဲကာ သူ၏အကျီဖြင့်နှာခေါင်းပါးစပ် လည်ပင်းတို့ကိုပိတ်ဆို့ပြီး အဓမ္မမှုပြုကျင့်ကြသောကြောင့် အသက်ရှူကြပ်ပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရသိရသည်။
ဒေသခံပြည်သူအချို့၏ ကူညီသတင်းပေးမှုဖြင့် ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိခဲ့၍ စစ်ဆေးနေပြီဖြစ်သည်။
အသက် (၆၅) နှစ်အရွယ်ရှိ စိတ်မနှံ့‌သော အဘွားအိုကြီးအား ပြစ်မှုကျူးလွန်သူ (၂) ဦးအား စစ်ကိုင်းမြို့မရဲစခန်းမှ (ပ) ၄၃၆/၂၀၂၀၊ ရာဇဝတ်ကြီး ဥပဒေပုဒ်မ-၃၀၂ /၃၇၆ ဖြင့်အမှုဖွင့်ဖမ်းဆီးအရေးယူ ထားကြောင်းသိရှိရသည်။