နေပြည်တော်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော စစ်သည် တစ်ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိ

0
325

နေပြည်တော်တိုင်းစစ်ဌာနချုပ်နယ်‌မြေအတွင်း တာဝန်ထမ်းဆောင်နေတဲ့ စစ်သည်တစ်ဦးမှာ Covid-19 ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကသတင်းထုတ်ပြန်ပါတယ်။
နေပြည်တော်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တာဝန်ထမ်းဆောင်နေတဲ့ စစ်သည်တစ်ဦးဟာ ဧပြီ ၃၀ ရက်က ဖျားတာ၊ လည်ချောင်းနာတာ၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်တာစတဲ့ ရောဂါ‌တွေခံစားနေရတာကြောင့် မေ ၁ ရက်မှာ COVID-19 ‌‌ရောဂါနဲ့ပတ်သက်ပြီး အထူးကြိုတင်ပြင်ဆင်ထားတဲ့ နယ်မြေခံတပ်မတော်ဆေးရုံရှိ ကုသဆောင်မှာ သီးခြားစောင့် ကြည့်ပြီးလိုအပ်တဲ့ကုသမှု‌တွေဆောင်ရွက်ပေးခဲ့တယ်လို့ဖော်ပြထားပါတယ်။

အဲဒီစစ်သည်ကို နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်‌တွေရယူပြီး PCR နည်းနဲ့စမ်းသပ်စစ်ဆေးရာ မေ ၄ ရက်နံနက် ၄ နာရီခွဲမှာ ဓာတ်ခွဲအတည်ပြုချက်အရ COVID-19 ရောဂါပိုးတွေ့ရှိကြောင်း သိရှိရတယ်လို့တပ်‌မတော်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဲဒါကြောင့် COVID-19 ရောဂါစစ်ဆေးတွေ့ရှိရတဲ့ စစ်သည်ကို တပ်မတော်မှကြိုတင်စီစဉ်ထားတဲ့ COVID-19 ရောဂါအထူးကုသဖို့ သတ်မှတ်ထားတဲ့ ဆေးရုံကိုပို့ဆောင်ပြီး ကုသမှုခံယူလျက်ရှိကြောင်းနဲ့ ကျန်းမာရေး အခြေအနေမှာလည်းတည်ငြိမ်ကောင်းမွန်လျက်ရှိကြောင်း ဖော်ပြထားပါတယ်။

အဲဒီစစ်သည်နဲ့ ဆက်စပ်ထိတွေ့မှုရှိခဲ့သူ‌တွေကိုလည်း လိုအပ်တဲ့ရောဂါရှာဖွေ ဖော်ထုတ်တာ၊ အသွားအလာကန့်သတ်စောင့်ကြပ် ကြည့်ရှုတာ‌တွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ တပ်မတော်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။