မြန်မာနိုင်ငံအတွက် COVID-19 တိုက်ဖျက်ရေး ဒေါ်လာ(၉)သန်းခွဲကျော်တန်ဖိုးရှိ ပစ္စည်းများကို အမေရိကန်ထောက်ပံ့

0
92

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါတိုက်ဖျက်ဖို့ အမေရိကန်အစိုးရက ဒေါ်လာ(၉)သန်းခွဲကျော် တန်ဖိုးရှိတဲ့ အထောက်အကူပြုပစ္စည်းတွေ၊ အသိပညာပေးလုပ်ငန်းသုံး ပစ္စည်းကိရိယာတွေကို ကူညီထောက်ပံ့ ပေးထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်ကပြောပါတယ်။
အမေရိကန်အစိုးရရဲ့ ထောက်ပံ့မှုတွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကတစ်ဆင့် အကူ အညီပေးနေတယ်လို့ဆိုပါတယ်။ အခုလိုကူညီတာဟာ ကျန်းမာရေးပိုမိုကောင်းမွန်ရေးအတွက် မြန်မာနိုင်ငံအပေါ်ထားတဲ့ ရေရှည်ကတိကဝတ်တွေထဲက အစိတ်အပိုင်းသာဖြစ်တယ်လို့လည်း သံအမတ်ကြီးကပြောပါတယ်။
(၂၀၃၀)မတိုင်ခင် ငှက်ဖျားရောဂါပိုး ကင်းစင်ဖို့ မြန်မာနိုင်ငံရဲ့ ရည်မှန်းချက်အောင်မြင်ရေးကိုလည်း အကူအညီပေး လက်တွဲဆောင်ရွက်နေပြီး အမေရိကန်ရဲ့အကူအညီကြောင့် မြန်မာနိုင်ငံမှာ ငှက်ဖျား ရောဂါဖြစ်ပွားမှုဟာ (၆)နှစ်အတွင်းမှာ (၈၀)ရာခိုင်နှုန်းလျော့ကျခဲ့တယ်လို့လည်း သံအမတ်ကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် HIV ပိုးကူးစက်ခံရသူတွေနဲ့ တီဘီရောဂါ ခံစားနေရသူတွေ ကိုလည်း အကူအညီပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။
(၂၀၁၂)ခုနှစ်ကစပြီး အမေရိကန်ရဲ့ မြန်မာနိုင်ငံအပေါ်ကူညီပေးမှုဟာ ဒေါ်လာ သန်း(၁၇၀)ကျော် ရှိပြီး ဒီလိုလုပ်ဆောင်ပေးတာက မြန်မာနိုင်ငံအတွက် ဘက်ပေါင်းစုံအကူအညီ ဒေါ်လာ(၁.၅)ဘီလီယံ ထဲက အစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်လို့လည်းသိရပါတယ်။