COVID-19 အတည်ပြုလူနာ အမှတ်(၂၇) နေအိမ်ပြန်ခွင့်ရ

0
128

မွန်ပြည်နယ်က COVID-19 အတည်ပြုလူနာ အမှတ်(၂၇)မှာ ရောဂါပိုး မတွေ့ရတဲ့အတွက် ဧပြီ(၇)ရက်က နေအိမ် ပြန်ခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ မော်လမြိုင်ဆေးရုံကြီးက တာဝန်ရှိသူကပြောပါတယ်။ အဲဒီလူနာဟာ အသက် (၂၄)နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး မတ်(၂၀)ရက်မှာ ထိုင်းနိုင်ငံက ပြန်လာပြီးနောက် Facility Quarantine နေထိုင် ခဲ့တာပါ။ အဲဒီလိုနေထိုင်စဉ် ဗိုက်အောင့်ဝေဒနာ ခံစားရတာကြောင့် မတ်(၃၀)ရက်ကစတင်ပြီး ကျိုက်မရော မြို့နယ်ဆေးရုံမှာ Hospital Quarantine နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ဧပြီ(၁၀)ရက်မှာ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနက COVID-19 အတည်ပြုလူနာ အမှတ်(၂၇)အဖြစ် ထုတ်ပြန်ခဲ့တာပါ။ မော်လမြိုင် ဆေးရုံကြီးမှာ အထူးကုဆရာဝန်ကြီးတွေ ၊ ဓါတ်ခွဲ ၊ ဓါတ်မှန်နဲ့ ဆေးရုံအုပ်အဖွဲ့တွေက လူနာအမှတ် (၂၇)ကို တာဝန်ယူပြီး ကုသပေးခဲ့တာဖြစ်တယ်လို့ မော်လမြိုင် အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်က အခုလိုပြောပြပါတယ်။ “ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ကုသရေးလမ်းညွှန်တွေရှိပါတယ်။ အဲဒီအတိုင်း ကုသပေးခဲ့တာပါ။ လူနာက ငယ်တဲ့အတွက် သူရဲ့ခံနိုင်ရည်အားလည်းကောင်းတယ် ၊ ဒါကြောင့် ကောင်းသွား တာပါ” လို့ ဒေါက်တာ ကျော်မြင့်က ပြောပါတယ်။
လူနာအမှတ်(၂၇)ရဲ့ ဓါတ်ခွဲနမူနာကို ဧပြီ(၂၁)ရက်က ဒုတိယအကြိမ်စစ်ဆေးခဲ့ပြီး တတိယအကြိမ် စစ်ဆေးမှုတွေ ကိုတော့ ဧပြီ(၂၃)ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီစစ်ဆေးမှုတွေမှာ ပိုးမတွေ့ခဲ့ရတာကြောင့် ရက်အနည်း ငယ စောင့်ကြည့်ပြီး နေအိမ်ကို ပြန်ခွင့်ပြုလိုက်တာလို့ သိရပါတယ်။ “ ဆေးရုံက ဆင်းရတဲ့အတွက် ဝမ်းသာပါ တယ်။ ဆေးရုံးတက်နေတာ (၂၈) ရက်ရှိနေပါပြီ” လို့ လူနာအမှတ် (၂၇) ကဆိုပါတယ်။ လူနာအမှတ် (၂ရ)နဲ့ ထိတွေ့ခဲ့သူ (၁၅)ယောက်ကိုလည်း မော်လမြိုင်တက္ကသိုလ်က Quarantine စင်တာမှာ (၂၁)ရက် ထားပြီး (၂)ကြိမ်ဓာတ်ခွဲစစ်ဆေးရာမှာ ပိုးမတွေ့ရတဲ့အတွက် နေရပ်အသီးသီးကို ပြန်ခွင့်ပြုထားပြီးဖြစ်ပါတယ်။

CRD=One News