လေပြင်းတိုက်ခတ်ခံခဲ့ရသည့် မကွေးမြို့နယ်မှ နေအိမ်များအား ထောက်ပံ့ရေးပစ္စည်းများပေးအပ်

0
210

မကွေးမြို့နယ်မှာ မေ(၆)ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့တဲ့နေအိမ်တွေအတွက် မကွေး တိုင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနက မေ(၇)ရက်မှာ ငွေကျပ်(၆၈)သိန်းဝန်းကျင်နဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တယ်လို့ တာဝန်ရှိသူ ကပြောပါတယ်။ လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာ (၁)ရွာနဲ့ ရပ်ကွက်(၆) ရပ်ကွက်မှာ ပြိုကျလူနေအိမ် (၇)လုံးရှိခဲ့ပြီး အမိုးလန်ပျက်စီးတဲ့ နေအိမ်ကတော့ (၁၁၇)လုံးရှိခဲ့တယ်လို့ဆိုပါ တယ်။ အိမ်ထောင်စုပေါင်း (၁၂၄) စုနဲ့ လူဦးရေ (၅၀၀)ကျော် လေဘေးသင့်ခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနက တိုင်းဦးစီးမှူး ဦးမြင့်စိုးက ပြောပါတယ်။ လက်ရှိမှာတော့ ဆန်ရိက္ခာနဲ့ အိမ်ဆောက် ပစ္စည်းတွေကို ထောက်ပံ့ပေးထားတယ်လို့ မကွေးတိုင်း၊ တိုင်းဦးစီးမှူး ဦးမြင့်စိုးက ပြောပါတယ်။
မကွေးမြို့နယ်မှာ အခုနှစ်အတွင်း လေပြင်းတိုက်ခတ်မှု(၂)ကြိမ်ဖြစ်ပွားခဲ့သလို မင်းဘူး၊ မင်းလှ၊ သရက်၊ ဂန့်ဂေါ၊ မြိုင်၊ ဆင်ပေါင်ဝဲ စတဲ့ မြို့နယ်(၆)မြို့နယ်မှာလည်း လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် သက်ဆိုင်ရာ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတွေက ထောက်ပံ့ပေးနေတာပါ။ အခုနှစ် မကွေးတိုင်းထဲမှာ သဘာဝဘေးဖြစ်ပွားခဲ့ပါက ထောက်ပံ့ကူညီနိုင်ဖို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနအနေနဲ့ ကျပ်သိန်း (၁)ထောင် လျာထားတယ်လို့ သိရပါတယ်။