ကိုဗစ္ကာလအတြင္း စိတ္က်ေဝဒနာခံစားရပါက အကူအညီေတာင္းခံႏိုင္

0
236

ကိုဗစ္ကာလအတြင္း စိတ္ဖိစီးမႈေတြ၊ စိတ္ဓာတ္က်ဆင္းမႈေတြ ႀကဳံေတြ႕ႏိုင္တဲ့အတြက္ ဒီေဝဒနာေတြ ခံစားရရင္ ျမန္မာႏိုင္ငံစိတ္ပညာအသင္းကို ဆက္သြယ္အကူအညီေတာင္းခံႏိုင္တယ္လို႔ အသင္းရဲ႕ ဒုဥကၠ႒ ေဒၚသက္ထားဝင္းက ေျပာပါတယ္။ အခု ကာလဟာ သာမန္မဟုတ္တဲ့ အေျခအေန ျဖစ္တဲ့ အတြက္ လူတိုင္းနီးပါး စိတ္ဖိစီးတာ၊ စိတ္ညစ္တာေတြ ျဖစ္ႏိုင္သလို အဆိုးဆုံး အေနနဲ႔ စိတ္က် ေရာဂါ ေတြလည္း ျဖစ္ႏိုင္တယ္လို႔ဆိုပါတယ္။
“ ျဖစ္သင့္ ျဖစ္ထိုက္တာတဲ့ ပိုမ်ားတာ၊ ေနာက္ ပိုၾကာေနရင္ေတာ့ စိတ္ပိုင္းဆိုင္ရာ ေဖာက္ျပန္မႈေပါ့ စိတ္က်ေရာဂါေတြ ျဖစ္လာႏိုင္တယ္။ လူေတြမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ ကိုယ္ရည္ကိုယ္ေသြးေတြ မတူဘူး။ တခ်ိဳ႕က ခံႏိုင္ရည္ရွိတယ္။ တခ်ိဳ႕က ခံႏိုင္ရည္မရွိဘူး။ အမ်ားနားလည္ေအာင္ ေျပာရရင္ေတာ့ စိတ္ေပ်ာ့တယ္ေပါ့။ စိတ္ေပ်ာ့တဲ့သူဆိုရင္ေတာ့ စိတ္ဖိစီးမႈေတြ ျဖစ္လာႏိုင္တာေပါ့။ အဲလိုျဖစ္ရင္ စိတ္ ပညာရွင္တစ္ေယာက္နဲ႔ ေတြ႕ၿပီး ႏွစ္သိမ့္ေဆြးေႏြးတာေတြ လုပ္သင့္တာေပါ့”လို႔ ေဒၚသက္ထားဝင္းက ေျပာပါတယ္။
ကိုဗစ္ေၾကာင့္အလုပ္ထုတ္ခံရလို႔ စိတ္က်ေဝဒနာ ခံစားရတဲ့သူေတြလည္းရွိေနတာေၾကာင့္ စိတ္ အလြန္ အမင္းက်ဆင္းလာရင္ ျမန္မာႏိုင္ငံစိတ္ပညာအသင္း႐ုံး ဖုန္း(၀၉၈၉၉၀၀၉၀၁၁)၊ အတြင္းေရးမႉး ဖုန္း (၂၅၀၄၁၇၈၇၈) ကို ဆက္သြယ္အကူအညီေတာင္းခံႏိုင္တယ္လို႔ ဆိုပါတယ္။ Quarantine ဝင္ရတဲ့သူ ေတြအေနနဲ႔လည္း စိတ္ဖိစီးမႈေတြနဲ႔ စိတ္ပိုင္းဆိုင္ရာ အခက္အခဲေတြႀကဳံေတြ႕လာရင္ လူမႈဝန္ထမ္းဦးစီး ဌာနအေနနဲ႔ ဖုန္းနဲ႔ႏွစ္သိမ့္ေဆြးေႏြးေပးေနတဲ့အတြက္ ဆက္သြယ္အကူအညီ ေတာင္းခံႏိုင္တယ္လို႔ သိရပါတယ္။

ကိုဗစ်ကာလအတွင်း စိတ်ကျဝေဒနာခံစားရပါက အကူအညီတောင်းခံနိုင်

ကိုဗစ်ကာလအတွင်း စိတ်ဖိစီးမှုတွေ၊ စိတ်ဓာတ်ကျဆင်းမှုတွေ ကြုံတွေ့နိုင်တဲ့အတွက် ဒီဝေဒနာတွေ ခံစားရရင် မြန်မာနိုင်ငံစိတ်ပညာအသင်းကို ဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့ အသင်းရဲ့ ဒုဥက္ကဋ္ဌ ဒေါ်သက်ထားဝင်းက ပြောပါတယ်။ အခု ကာလဟာ သာမန်မဟုတ်တဲ့ အခြေအနေ ဖြစ်တဲ့ အတွက် လူတိုင်းနီးပါး စိတ်ဖိစီးတာ၊ စိတ်ညစ်တာတွေ ဖြစ်နိုင်သလို အဆိုးဆုံး အနေနဲ့ စိတ်ကျ ရောဂါ တွေလည်း ဖြစ်နိုင်တယ်လို့ဆိုပါတယ်။
“ ဖြစ်သင့် ဖြစ်ထိုက်တာတဲ့ ပိုများတာ၊ နောက် ပိုကြာနေရင်တော့ စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုပေါ့ စိတ်ကျရောဂါတွေ ဖြစ်လာနိုင်တယ်။ လူတွေမှာ တစ်ယောက်နဲ့ တစ်ယောက် ကိုယ်ရည်ကိုယ်သွေးတွေ မတူဘူး။ တချို့က ခံနိုင်ရည်ရှိတယ်။ တချို့က ခံနိုင်ရည်မရှိဘူး။ အများနားလည်အောင် ပြောရရင်တော့ စိတ်ပျော့တယ်ပေါ့။ စိတ်ပျော့တဲ့သူဆိုရင်တော့ စိတ်ဖိစီးမှုတွေ ဖြစ်လာနိုင်တာပေါ့။ အဲလိုဖြစ်ရင် စိတ် ပညာရှင်တစ်ယောက်နဲ့ တွေ့ပြီး နှစ်သိမ့်ဆွေးနွေးတာတွေ လုပ်သင့်တာပေါ့”လို့ ဒေါ်သက်ထားဝင်းက ပြောပါတယ်။
ကိုဗစ်ကြောင့်အလုပ်ထုတ်ခံရလို့ စိတ်ကျဝေဒနာ ခံစားရတဲ့သူတွေလည်းရှိနေတာကြောင့် စိတ် အလွန် အမင်းကျဆင်းလာရင် မြန်မာနိုင်ငံစိတ်ပညာအသင်းရုံး ဖုန်း(၀၉၈၉၉၀၀၉၀၁၁)၊ အတွင်းရေးမှူး ဖုန်း (၂၅၀၄၁၇၈၇၈) ကို ဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့ ဆိုပါတယ်။ Quarantine ဝင်ရတဲ့သူ တွေအနေနဲ့လည်း စိတ်ဖိစီးမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကြုံတွေ့လာရင် လူမှုဝန်ထမ်းဦးစီး ဌာနအနေနဲ့ ဖုန်းနဲ့နှစ်သိမ့်ဆွေးနွေးပေးနေတဲ့အတွက် ဆက်သွယ်အကူအညီ တောင်းခံနိုင်တယ်လို့ သိရပါတယ်။