သီရိမင်္ဂလာဈေးက လက်လုပ်လက်စားအလုပ်သမားများကို အခြေခံစားသောက်ကုန်များ ထောက်ပံ့ကူညီေပး

0
426

သီရိမင်္ဂလာဈေးရှိဂါလီနင်းကြသူတွေနဲ့ ကုန်လှည်းတွန်းကြသူတွေကို ကောက်ရိုးနွယ်လူမှုအကျိူးပြုအဖွဲ့ က မေ ၉ ရက်နေ့မှာ အခြေခံစားသောက်ကုန်တွေ ထောက်ပံ့ကူညီပါတယ်။

လက်လုပ်လက်စားအလုပ်သမားတစ်ဦးကို ငွေကျပ်၄၀၀၀ ကျော်တန်ဖိုးရှိတဲ့ ဆန်၊ဆီ၊ဆားနဲ့ မီးဖိုချောင်သုံးကုန်ခြောက်ပစ္စည်းတွေ လှူဒါန်းတာပါ။

COVID-19 ကြောင့် အရင်က ၂၄နာရီဖွင့်လှစ်တဲ့ သီရိမင်္ဂလာဈေးဟာ ဧပြီလကစပြီး မနက်၄နာရီကနေညနေ၇နာရီအထိသာ ဖွင့်လှစ်နေရပါတယ်။

အဲဒီအခြေအနေကြောင့် လက်လုပ်လက်စားအလုပ်သမားတွေအတွက် ဝင်ငွေနည်းပါးသွားတာကို တစ်ဖက်တစ်လမ်းကနေ အထောက်အပံ့ဖြစ်စေဖို့အခုလိုကူညီပေးတာ ဖြစ်တယ်လို့သိရပါတယ်။


သီရိမင်္ဂလာဈေးရှိဂါလီနင်းကြသူတွေနဲ့ ကုန်လှည်းတွန်းကြသူတွေကို ကောက်ရိုးနွယ်လူမှုအကျိုးပြုအဖွဲ့ က မေ ၉ ရက်နေ့မှာ အခြေခံစားသောက်ကုန်တွေ ထောက်ပံ့ကူညီပါတယ်။


COVID-19 ကြောင့် အရင်က ၂၄နာရီဖွင့်လှစ်တဲ့ သီရိမင်္ဂလာဈေးဟာ ဧပြီလကစပြီး မနက်၎နာရီကနေညနေ၇နာရီအထိသာ ဖွင့်လှစ်နေရပါတယ်။
