ေ႐ႊဘိုၿမိဳ႕နယ္၊ ဘုန္းဘြဲ႕ေက်း႐ြာ မီးေလာင္မႈတြင္ လူတစ္ဦးေသဆုံး

0
358

စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘိုၿမိဳ႕နယ္၊ ဘုန္းဘြဲ႕ေက်း႐ြာမွာ ေမ(၉)ရက္ မနက္(၁၁)နာရီ (၄၅)မိနစ္က လူေနအိမ္ (၂)လုံး မီးေလာင္ခဲ့ၿပီး လူတစ္ေယာက္ မီးေလာင္ေသဆုံးခဲ့တယ္လို႔ ေ႐ႊဘိုခ႐ိုင္ မီးသတ္ဦးစီးမႉး လက္ေထာက္ ၫႊန္ၾကားေရးမႉး ဦးေအးျမင့္ ကေျပာပါတယ္။ အဲဒီမီးေလာင္မႈဟာ ေနအိမ္ မီးဖို မီးႂကြင္းမီးက်န္ကတစ္ဆင့္ ေလာင္ကြၽမ္းခဲ့တာလို႔ဆိုပါတယ္။ ေသဆုံးခဲ့တဲ့ အသက္(၂၇)ႏွစ္အ႐ြယ္ အမ်ိဳးသားဟာ မီးစတင္ေလာင္ကြၽမ္းခဲ့တဲ့ အိမ္ကျဖစ္ၿပီး မီးေလာင္စဥ္မွာအိပ္ေပ်ာ္ေနတာလို႔ ဆိုပါတယ္။ အဲဒီမီးေလာင္မႈကို ခ႐ိုင္၊ ၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕ ဝင္ေတြ၊ တာဝန္ရွိသူေတြ၊ ေက်း႐ြာေနျပည္သူေတြက မီးသတ္ယာဥ္(၃)စီး၊ ေရသယ္ယာဥ္(၂)စီးနဲ႔အတူ ဝိုင္းဝန္း ျငႇိမ္းသတ္ခဲ့ရာ မြန္းလြဲ(၁၂)နာရီေက်ာ္မွာ မီးၿငိမ္းခဲ့ပါတယ္။ မီးေလာင္မႈေၾကာင့္ လူေနအိမ္ (၂)လုံး၊ ေထာ္လာဂ်ီ ေခါင္းပိုင္း၊ ဆိုင္ကယ္(၂) စီး၊ အပ္ခ်ဳပ္စက္(၂)လုံး မီးေလာင္ကြၽမ္းခဲ့ၿပီး လူတစ္ေယာက္ ေသဆုံးခဲ့တာပါ။ ဆုံးရႈံးမႈ တန္ဖိုးကေတာ့ ေငြက်ပ္ (၁၄)သိန္းေက်ာ္ရွိတယ္လို႔ဆိုပါတယ္။ အဲဒီမီးေလာင္မႈျဖစ္စဥ္အတြင္း မီးသတ္တပ္ဖြဲ႕ဝင္ တစ္ဦးမွာလည္း မီးသတ္ယာဥ္ေပၚကျပဳတ္က်ၿပီး ဘယ္ဘက္ပခုံးညႇပ္႐ိုးက်ိဳးသြားလို႔ ေ႐ႊဘိုျပည္သူ႔ေဆး႐ုံႀကီးမွာ ေဆးကုသမႈခံယူခဲ့ရပါတယ္။

ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ကျေးရွာ မီးလောင်မှုတွင် လူတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ကျေးရွာမှာ မေ(၉)ရက် မနက်(၁၁)နာရီ (၄၅)မိနစ်က လူနေအိမ် (၂)လုံး မီးလောင်ခဲ့ပြီး လူတစ်ယောက် မီးလောင်သေဆုံးခဲ့တယ်လို့ ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးအေးမြင့် ကပြောပါတယ်။ အဲဒီမီးလောင်မှုဟာ နေအိမ် မီးဖို မီးကြွင်းမီးကျန်ကတစ်ဆင့် လောင်ကျွမ်းခဲ့တာလို့ဆိုပါတယ်။ သေဆုံးခဲ့တဲ့ အသက်(၂၇)နှစ်အရွယ် အမျိုးသားဟာ မီးစတင်လောင်ကျွမ်းခဲ့တဲ့ အိမ်ကဖြစ်ပြီး မီးလောင်စဉ်မှာအိပ်ပျော်နေတာလို့ ဆိုပါတယ်။ အဲဒီမီးလောင်မှုကို ခရိုင်၊ မြို့နယ် မီးသတ်တပ်ဖွဲ့ ဝင်တွေ၊ တာဝန်ရှိသူတွေ၊ ကျေးရွာနေပြည်သူတွေက မီးသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၂)စီးနဲ့အတူ ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ(၁၂)နာရီကျော်မှာ မီးငြိမ်းခဲ့ပါတယ်။ မီးလောင်မှုကြောင့် လူနေအိမ် (၂)လုံး၊ ထော်လာဂျီ ခေါင်းပိုင်း၊ ဆိုင်ကယ်(၂) စီး၊ အပ်ချုပ်စက်(၂)လုံး မီးလောင်ကျွမ်းခဲ့ပြီး လူတစ်ယောက် သေဆုံးခဲ့တာပါ။ ဆုံးရှုံးမှု တန်ဖိုးကတော့ ငွေကျပ် (၁၄)သိန်းကျော်ရှိတယ်လို့ဆိုပါတယ်။ အဲဒီမီးလောင်မှုဖြစ်စဉ်အတွင်း မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးမှာလည်း မီးသတ်ယာဉ်ပေါ်ကပြုတ်ကျပြီး ဘယ်ဘက်ပခုံးညှပ်ရိုးကျိုးသွားလို့ ရွှေဘိုပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူခဲ့ရပါတယ်။