ျမန္မာႏိုင္ငံအတြင္း ဆိုင္ကလုန္းမုန္တိုင္း ဝင္ေရာက္ႏိုင္ သတိရွိႀကပါ

0
227

မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန ရဲ႕ ေမလ (၁၄) ရက္ျမန္မာစံေတာ္ခ်ိန္ (၆)နာရီခြဲအခ်ိန္ တိုင္းထြာခ်က္အရ ဘဂၤလားပင္လယ္ေအာ္အေရွ႕ေတာင္ပိုင္းနဲ႔ ကပၸလီပင္လယ္ျပင္ေတာင္ပိုင္းတို႔မွာ ျဖစ္ေပၚတဲ့ ေလဖိအားနည္းရပ္ဝန္းဟာ ဘဂၤလာပင္လယ္ေအာ္ အေရွ႕ေတာင္ပိုင္းကို ေရာက္ရွိၿပီး ဆက္လက္တည္ရွိ ေနတယ္လို႔ထုတ္ျပန္ပါတယ္။ေမလ (၁၅)ရက္မွာမုန္တိုင္းငယ္ (Depression)အဆင့္ကို ေရာက္ရွိႏိုင္ တယ္လို႔ ခန႔္မွန္းထားၿပီး ေမ(၁၆)ရက္မွာ ဆိုင္ကလုန္းမုန္တိုင္း (Cyclonic Storm)အဆင့္ကို ေရာက္ရွိႏိုင္တယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။ အဲဒီ ေလဖိအားနည္းရပ္ဝန္းဟာ မုန္တိုင္းငယ္အဆင့္ကို ေရာက္ရွိၿပီးေနာက္ အေနာက္ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားကာ၊ ေမ (၁၇)ရက္ ေနာက္ပိုင္းမွာ ေျမာက္ဘက္ -အေရွ႕ေျမာက္ဘက္ကို ေကြ႕ႏိုင္တယ္လို႔ခန႔္မွန္းရပါတယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ရဲ့ မေလ (၁၄) ရက်မြန်မာစံတော်ချိန် (၆)နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနဲ့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့မှာ ဖြစ်ပေါ်တဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလာပင်လယ်အော် အရှေ့တောင်ပိုင်းကို ရောက်ရှိပြီး ဆက်လက်တည်ရှိ နေတယ်လို့ထုတ်ပြန်ပါတယ်။မေလ (၁၅)ရက်မှာမုန်တိုင်းငယ် (Depression)အဆင့်ကို ရောက်ရှိနိုင် တယ်လို့ ခန့်မှန်းထားပြီး မေ(၁၆)ရက်မှာ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဆင့်ကို ရောက်ရှိနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အဲဒီ လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ်အဆင့်ကို ရောက်ရှိပြီးနောက် အနောက်မြောက်ဘက်သို့ ရွေ့လျားကာ၊ မေ (၁၇)ရက် နောက်ပိုင်းမှာ မြောက်ဘက် -အရှေ့မြောက်ဘက်ကို ကွေ့နိုင်တယ်လို့ခန့်မှန်းရပါတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။