ကျောင်းသားများအတွက် ကိုဗစ်ရောဂါပိုးကူးစက်မှုမှကာကွယ်နိုင်မည့် လမ်းညွှန်ချက်များရေးဆွဲနေဟု ဒေါက်တာ သန်းနိုင်စိုးပြောကြား

0
266

ကျောင်းဖွင့်ချိန်မှာ ကျောင်းပြန်တက်မယ့် ကျောင်းသားတွေအတွက် COVID-19 ရောဂါပိုး ကူးစက်မှုမရှိရအောင် ကာကွယ်နိုင်မယ့် လမ်းညွှန်ချက်တွေကို ရေးဆွဲနေတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေး အသိပညာမြှင့်တင်မှုဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးကပြောပါတယ်။

ကိုဗစ်ဆိုင်ရာ အသိတရား၊ သတိတရားကို ကလေးတွေ၊ မိဘတွေ၊ ဆရာတွေအပြင် ကျောင်းမှာရှိတဲ့ အသိုင်းအဝိုင် တွေအားလုံးသိရှိနိုင်ဖို့ဆောင်ရွက်နေပြီး အဲဒီလမ်းညွှန်ချက်တွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေနဲ့

ပညာရေးဝန်ကြီးဌာနနဲ့ပူးတွဲပြီး ကြိုတင်ရေးဆွဲပြင်ဆင်နေတယ်လို့ဆိုပါတယ်။ မကြာခင်မှာ အဲဒီလမ်းညွှန်ချက် တွေထွက်ရှိလာမှာဖြစ်တယ်လို့ ဒေါက်တာ သန်းနိုင်စိုးကပြောပါတယ်။

အဲဒီလမ်းညွှန်ချက်မှာ ကျောင်းသားတွေ အိမ်ကနေ စာသင်ခန်း၊ စာသင်ခန်းကနေ အိမ်အထိ တစ်နေ့တာပတ်လုံးဘေးကင်းလုံခြုံမှုရှိအောင်ဆောင်ရွက်ရမယ့်အချက်တွေပါဝင်တယ်လို့ဆိုပါတယ်။

ကလေးတွေရဲ့ အသက်အရွယ်က ငယ်ရွယ်တဲ့အတွက် ရောဂါပိုးကူးစက်မှုမရှိရအောင် အားလုံးဝိုင်းဝန်းပြီး လမ်းညွန်ချက်တွေအတိုင်းဆောင်ရွက်ပေး ဖို့ကိုလည်း ဒေါက်တာ သန်းနိုင်စိုးကအကြံပြုပြောကြားထားပါတယ်။