တရားဟောဆရာဒေးဗစ်လားကိစ္စ ဥပဒေနှင့်အညီဆောင်ရွက်မည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူပြော

0
665

ရန်ကုန်တိုင်းဒေသကြီး အစိုးရက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့်ထားတဲ့ ကိစ္စကို ဥပဒေနဲ့အညီဆောင်ရွက်သွားမှာဖြစ်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

မေလ (၁၆)ရက်နေ့ က သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးနဲ့ မီဒီယာတွေ Online ကနေပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

တရားဟောဆရာဒေးဗစ်လားအပါအဝင် (၄)ဦးကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစေနိုင်တဲ့ လူစုလူဝေးပြုလုပ်ခဲ့ တာကြောင့် ရောဂါထိန်းချုပ်ရေးနဲ့ ပတ်သက်တဲ့ ညွှန်ကြားချက်တွေလိုက်နာဖို့ ပျက်ကွက်မှုနဲ့ ရန်ကုန်တိုင်း ဒေသကြီး ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီက အင်းစိန်မြို့မရဲစခန်းနဲ့ မရမ်းကုန်းမြို့မရဲစခန်းတို့ မှာ အမှုဖွင့်ဆောင်ရွက်ထားတာပါ။
လက်ရှိမှာ တရားဟောဆရာဒေးဗစ်လားကို ဗိုလ်တစ်ထောင်မြို့နယ်ရှိ ဟိုတယ်တစ်ခုမှာ Quanrantine ဝင်ရောက်နေတာဖြစ်ပါတယ်။