Sunday, July 12, 2020
Home 2020 May

Monthly Archives: May 2020

တရားဟောဆရာဒေးဗစ်လားကိစ္စ ဥပဒေနှင့်အညီဆောင်ရွက်မည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူပြော

ရန်ကုန်တိုင်းဒေသကြီး အစိုးရက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့်ထားတဲ့ ကိစ္စကို ဥပဒေနဲ့အညီဆောင်ရွက်သွားမှာဖြစ်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ မေလ (၁၆)ရက်နေ့ က သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးနဲ့ မီဒီယာတွေ Online ကနေပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။ တရားဟောဆရာဒေးဗစ်လားအပါအဝင် (၄)ဦးကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစေနိုင်တဲ့ လူစုလူဝေးပြုလုပ်ခဲ့ တာကြောင့် ရောဂါထိန်းချုပ်ရေးနဲ့...

ကျောင်းသားများအတွက် ကိုဗစ်ရောဂါပိုးကူးစက်မှုမှကာကွယ်နိုင်မည့် လမ်းညွှန်ချက်များရေးဆွဲနေဟု ဒေါက်တာ သန်းနိုင်စိုးပြောကြား

ကျောင်းဖွင့်ချိန်မှာ ကျောင်းပြန်တက်မယ့် ကျောင်းသားတွေအတွက် COVID-19 ရောဂါပိုး ကူးစက်မှုမရှိရအောင် ကာကွယ်နိုင်မယ့် လမ်းညွှန်ချက်တွေကို ရေးဆွဲနေတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေး အသိပညာမြှင့်တင်မှုဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးကပြောပါတယ်။ ကိုဗစ်ဆိုင်ရာ အသိတရား၊ သတိတရားကို ကလေးတွေ၊ မိဘတွေ၊ ဆရာတွေအပြင် ကျောင်းမှာရှိတဲ့ အသိုင်းအဝိုင် တွေအားလုံးသိရှိနိုင်ဖို့ဆောင်ရွက်နေပြီး အဲဒီလမ်းညွှန်ချက်တွေကို...

မြန်မာနိုင်ငံအတွင်း ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်နိုင် သတိရှိကြပါ

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ရဲ့ မေလ (၁၄) ရက်မြန်မာစံတော်ချိန် (၆)နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနဲ့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့မှာ ဖြစ်ပေါ်တဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလာပင်လယ်အော် အရှေ့တောင်ပိုင်းကို ရောက်ရှိပြီး ဆက်လက်တည်ရှိ နေတယ်လို့ထုတ်ပြန်ပါတယ်။မေလ (၁၅)ရက်မှာမုန်တိုင်းငယ် (Depression)အဆင့်ကို ရောက်ရှိနိုင် တယ်လို့ ခန့်မှန်းထားပြီး မေ(၁၆)ရက်မှာ ဆိုင်ကလုန်းမုန်တိုင်း...

မြန်မာကဆန်များကိုတရုတ်နိုင်ငံကိုပြန်လည်တင်ပို့ခွင့်ရပါပြီ

မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်ကနေ တရုတ်နိုင်ငံကို နေ့စဉ် ဆန်အိတ်(၇၀၀၀)ခန့် ပြန်လည်တင်ပို့နေတယ်လို့ မူဆယ်ဆန်စပါးကုန်စည်ဒိုင်၊ ဒုတိယ ဥက္ကဋ္ဌ ဦးမင်းသိန်းကပြောပါတယ်။ အဲဒီလို တင်ပို့တာတွေကို မေ (၁၁)ရက်က စတင်ခဲ့တာဖြစ်ပြိး တရုတ်နိုင်ငံဘက်ကလည်း ဆန် ဝယ်လိုအားရှိနေတာကြောင့် နောက်ပိုင်းမှာ ပိုမိုတင်ပို့နိုင်မှာ ဖြစ်တယ်လို့ လည်း ပြောပါတယ်။ “...

ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ကျေးရွာ မီးလောင်မှုတွင် လူတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ကျေးရွာမှာ မေ(၉)ရက် မနက်(၁၁)နာရီ (၄၅)မိနစ်က လူနေအိမ် (၂)လုံး မီးလောင်ခဲ့ပြီး လူတစ်ယောက် မီးလောင်သေဆုံးခဲ့တယ်လို့ ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးအေးမြင့် ကပြောပါတယ်။ အဲဒီမီးလောင်မှုဟာ နေအိမ် မီးဖို မီးကြွင်းမီးကျန်ကတစ်ဆင့် လောင်ကျွမ်းခဲ့တာလို့ဆိုပါတယ်။ သေဆုံးခဲ့တဲ့ အသက်(၂၇)နှစ်အရွယ်...

သီရိမင်္ဂလာဈေးက လက်လုပ်လက်စားအလုပ်သမားများကို အခြေခံစားသောက်ကုန်များ ထောက်ပံ့ကူညီေပး

သီရိမင်္ဂလာဈေးရှိဂါလီနင်းကြသူတွေနဲ့ ကုန်လှည်းတွန်းကြသူတွေကို ကောက်ရိုးနွယ်လူမှုအကျိူးပြုအဖွဲ့ က မေ ၉ ရက်နေ့မှာ အခြေခံစားသောက်ကုန်တွေ ထောက်ပံ့ကူညီပါတယ်။ လက်လုပ်လက်စားအလုပ်သမားတစ်ဦးကို ငွေကျပ်၄၀၀၀ ကျော်တန်ဖိုးရှိတဲ့ ဆန်၊ဆီ၊ဆားနဲ့ မီးဖိုချောင်သုံးကုန်ခြောက်ပစ္စည်းတွေ လှူဒါန်းတာပါ။ COVID-19 ကြောင့် အရင်က ၂၄နာရီဖွင့်လှစ်တဲ့ သီရိမင်္ဂလာဈေးဟာ ဧပြီလကစပြီး မနက်၄နာရီကနေညနေ၇နာရီအထိသာ ဖွင့်လှစ်နေရပါတယ်။ အဲဒီအခြေအနေကြောင့် လက်လုပ်လက်စားအလုပ်သမားတွေအတွက် ဝင်ငွေနည်းပါးသွားတာကို တစ်ဖက်တစ်လမ်းကနေ...

ကိုဗစ်ကာလအတွင်း စိတ်ကျဝေဒနာခံစားရပါက အကူအညီတောင်းခံနိုင်

ကိုဗစ်ကာလအတွင်း စိတ်ဖိစီးမှုတွေ၊ စိတ်ဓာတ်ကျဆင်းမှုတွေ ကြုံတွေ့နိုင်တဲ့အတွက် ဒီဝေဒနာတွေ ခံစားရရင် မြန်မာနိုင်ငံစိတ်ပညာအသင်းကို ဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့ အသင်းရဲ့ ဒုဥက္ကဋ္ဌ ဒေါ်သက်ထားဝင်းက ပြောပါတယ်။ အခု ကာလဟာ သာမန်မဟုတ်တဲ့ အခြေအနေ ဖြစ်တဲ့ အတွက် လူတိုင်းနီးပါး စိတ်ဖိစီးတာ၊ စိတ်ညစ်တာတွေ ဖြစ်နိုင်သလို အဆိုးဆုံး အနေနဲ့...

မင်းရာဇာကို မုဒိမ်းမှုဖြင့် ထပ်မံ တရားစွဲ

အသက်မပြည့်သေးတဲ့ အိမ်အကူမိန်းကလေးကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာကို အရှေ့ပိုင်းခရိုင်တရားရုံးမှာ မေလ (၈)ရက်က တရားစွဲတင်လိုက်တယ်လို့ အိမ်အကူမိန်းကလေးရဲ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။ " ဒီမှာက မုဒိမ်းမှုက မင်းရာဇာတစ်ယောက်တည်းနဲ့ သက်ဆိုင်တာမို့ မုဒိမ်းမှုနဲ့ တရားစွဲတင်တာ '' လို့ ဦးရောဘတ်စန်းအောင်က...

လေပြင်းတိုက်ခတ်ခံခဲ့ရသည့် မကွေးမြို့နယ်မှ နေအိမ်များအား ထောက်ပံ့ရေးပစ္စည်းများပေးအပ်

မကွေးမြို့နယ်မှာ မေ(၆)ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့တဲ့နေအိမ်တွေအတွက် မကွေး တိုင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနက မေ(၇)ရက်မှာ ငွေကျပ်(၆၈)သိန်းဝန်းကျင်နဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တယ်လို့ တာဝန်ရှိသူ ကပြောပါတယ်။ လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာ (၁)ရွာနဲ့ ရပ်ကွက်(၆) ရပ်ကွက်မှာ ပြိုကျလူနေအိမ် (၇)လုံးရှိခဲ့ပြီး အမိုးလန်ပျက်စီးတဲ့ နေအိမ်ကတော့ (၁၁၇)လုံးရှိခဲ့တယ်လို့ဆိုပါ...

ကလေးငယ်များကို ကာကွယ်ဆေးပြန်လည်ထိုးပေးနိုင်ရေးဆောင်ရွက်ရန် စဉ်းစားနေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

COVID-19 ကြောင့် ရပ်ဆိုင်းထားရတဲ့ အသက်(၅)နှစ်အောက်အရွယ် ကလေးငယ်တွေကို ကာကွယ်ဆေးထိုး ပေးဖို့နဲ့ ရာသီအလိုက်ရောဂါကာကွယ်ဆေးတွေကို ပြန်လည်ထိုးပေးနိုင်ဖို့ စဉ်းစားနေတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ မေ(၈)ရက်ကပြုလုပ်တဲ့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ ပါဝင်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ကလေးမြို့ ကုတင်(၃၀၀)ဆံ့ဆေးရုံအုပ်ကြီး၊ ကလေးအထူးကုဆရာဝန်ကြီးနဲ့...