Sunday, July 12, 2020
Home Blog Page 2
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ အစိုးရကဖွဲ့စည်းထားတဲ့ ညှိနှိုင်းရေးကော်မတီနဲ့ NCA ပြဋ္ဌာန်းချက်တွေအတိုင်း လက်တွဲညှိနှိုင်းဆောင်ရွက်ဖို့ ပြင်ဆင်ထားတယ်လို့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (NCA-S EAO)ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဖွဲ့(PPWT) ရဲ့ ခေါင်း‌ဆောင် ဆလိုင်းထလာဟေးက ပြောပါတယ်။ မေ(၈)ရက်က အစိုးရညှိနှိုင်းရေးကော်မတီနဲ့ NCA-S EAO အဖွဲ့တို့ Video Conferencing နဲ့ ပြုလုပ်တဲ့ အစည်းအဝေးအဖွင့်မိန့်ခွန်းမှာ ဆလိုင်းထလာဟေးက အခုလိုပြောကြားခဲ့တာပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်း သက်ဆိုင်ရာဒေသတွေမှာ COVID-19 ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ အဲဒီညှိနှိုင်းအစည်းအဝေးမှာ COVID-19 နဲ့ ပတ်သက်တဲ့ ခေါင်းစဉ်(၅)ခုကို ဆွေးနွေးခဲ့တယ်လို့လည်း အစည်းအဝေးတက်ရောက်ခဲ့တဲ့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောပါတယ်။ “ ကိုဗစ်နဲ့ ပတ်သက်တဲ့ ခေါင်းစဉ်(၅) ခုကို ဆွေးနွေးခဲ့တာပေါ့။ ကာကွယ်ရေး၊ ကုသရေး၊ ရွှေ့ပြောင်းလုပ်သားတွေ၊ နောက် နိုင်ငံတကာ အကူအညီနဲ့ အထွေထွေကိစ္စရပ်တွေပေါ့။...
မွန်ပြည်နယ်က COVID-19 အတည်ပြုလူနာ အမှတ်(၂၇)မှာ ရောဂါပိုး မတွေ့ရတဲ့အတွက် ဧပြီ(၇)ရက်က နေအိမ် ပြန်ခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ မော်လမြိုင်ဆေးရုံကြီးက တာဝန်ရှိသူကပြောပါတယ်။ အဲဒီလူနာဟာ အသက် (၂၄)နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး မတ်(၂၀)ရက်မှာ ထိုင်းနိုင်ငံက ပြန်လာပြီးနောက် Facility Quarantine နေထိုင် ခဲ့တာပါ။ အဲဒီလိုနေထိုင်စဉ် ဗိုက်အောင့်ဝေဒနာ ခံစားရတာကြောင့် မတ်(၃၀)ရက်ကစတင်ပြီး ကျိုက်မရော မြို့နယ်ဆေးရုံမှာ Hospital Quarantine နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ဧပြီ(၁၀)ရက်မှာ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနက COVID-19 အတည်ပြုလူနာ အမှတ်(၂၇)အဖြစ် ထုတ်ပြန်ခဲ့တာပါ။ မော်လမြိုင် ဆေးရုံကြီးမှာ အထူးကုဆရာဝန်ကြီးတွေ ၊ ဓါတ်ခွဲ ၊ ဓါတ်မှန်နဲ့ ဆေးရုံအုပ်အဖွဲ့တွေက လူနာအမှတ် (၂၇)ကို တာဝန်ယူပြီး ကုသပေးခဲ့တာဖြစ်တယ်လို့ မော်လမြိုင် အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်က အခုလိုပြောပြပါတယ်။ “ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ကုသရေးလမ်းညွှန်တွေရှိပါတယ်။...
မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါတိုက်ဖျက်ဖို့ အမေရိကန်အစိုးရက ဒေါ်လာ(၉)သန်းခွဲကျော် တန်ဖိုးရှိတဲ့ အထောက်အကူပြုပစ္စည်းတွေ၊ အသိပညာပေးလုပ်ငန်းသုံး ပစ္စည်းကိရိယာတွေကို ကူညီထောက်ပံ့ ပေးထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်ကပြောပါတယ်။ အမေရိကန်အစိုးရရဲ့ ထောက်ပံ့မှုတွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကတစ်ဆင့် အကူ အညီပေးနေတယ်လို့ဆိုပါတယ်။ အခုလိုကူညီတာဟာ ကျန်းမာရေးပိုမိုကောင်းမွန်ရေးအတွက် မြန်မာနိုင်ငံအပေါ်ထားတဲ့ ရေရှည်ကတိကဝတ်တွေထဲက အစိတ်အပိုင်းသာဖြစ်တယ်လို့လည်း သံအမတ်ကြီးကပြောပါတယ်။ (၂၀၃၀)မတိုင်ခင် ငှက်ဖျားရောဂါပိုး ကင်းစင်ဖို့ မြန်မာနိုင်ငံရဲ့ ရည်မှန်းချက်အောင်မြင်ရေးကိုလည်း အကူအညီပေး လက်တွဲဆောင်ရွက်နေပြီး အမေရိကန်ရဲ့အကူအညီကြောင့် မြန်မာနိုင်ငံမှာ ငှက်ဖျား ရောဂါဖြစ်ပွားမှုဟာ (၆)နှစ်အတွင်းမှာ (၈၀)ရာခိုင်နှုန်းလျော့ကျခဲ့တယ်လို့လည်း သံအမတ်ကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် HIV ပိုးကူးစက်ခံရသူတွေနဲ့ တီဘီရောဂါ ခံစားနေရသူတွေ ကိုလည်း အကူအညီပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ (၂၀၁၂)ခုနှစ်ကစပြီး အမေရိကန်ရဲ့ မြန်မာနိုင်ငံအပေါ်ကူညီပေးမှုဟာ ဒေါ်လာ သန်း(၁၇၀)ကျော် ရှိပြီး ဒီလိုလုပ်ဆောင်ပေးတာက မြန်မာနိုင်ငံအတွက် ဘက်ပေါင်းစုံအကူအညီ ဒေါ်လာ(၁.၅)ဘီလီယံ ထဲက အစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်လို့လည်းသိရပါတယ်။
နေပြည်တော်တိုင်းစစ်ဌာနချုပ်နယ်‌မြေအတွင်း တာဝန်ထမ်းဆောင်နေတဲ့ စစ်သည်တစ်ဦးမှာ Covid-19 ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကသတင်းထုတ်ပြန်ပါတယ်။ နေပြည်တော်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တာဝန်ထမ်းဆောင်နေတဲ့ စစ်သည်တစ်ဦးဟာ ဧပြီ ၃၀ ရက်က ဖျားတာ၊ လည်ချောင်းနာတာ၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်တာစတဲ့ ရောဂါ‌တွေခံစားနေရတာကြောင့် မေ ၁ ရက်မှာ COVID-19 ‌‌ရောဂါနဲ့ပတ်သက်ပြီး အထူးကြိုတင်ပြင်ဆင်ထားတဲ့ နယ်မြေခံတပ်မတော်ဆေးရုံရှိ ကုသဆောင်မှာ သီးခြားစောင့် ကြည့်ပြီးလိုအပ်တဲ့ကုသမှု‌တွေဆောင်ရွက်ပေးခဲ့တယ်လို့ဖော်ပြထားပါတယ်။ အဲဒီစစ်သည်ကို နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်‌တွေရယူပြီး PCR နည်းနဲ့စမ်းသပ်စစ်ဆေးရာ မေ ၄ ရက်နံနက် ၄ နာရီခွဲမှာ ဓာတ်ခွဲအတည်ပြုချက်အရ COVID-19 ရောဂါပိုးတွေ့ရှိကြောင်း သိရှိရတယ်လို့တပ်‌မတော်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဲဒါကြောင့် COVID-19 ရောဂါစစ်ဆေးတွေ့ရှိရတဲ့ စစ်သည်ကို တပ်မတော်မှကြိုတင်စီစဉ်ထားတဲ့ COVID-19 ရောဂါအထူးကုသဖို့ သတ်မှတ်ထားတဲ့ ဆေးရုံကိုပို့ဆောင်ပြီး ကုသမှုခံယူလျက်ရှိကြောင်းနဲ့ ကျန်းမာရေး အခြေအနေမှာလည်းတည်ငြိမ်ကောင်းမွန်လျက်ရှိကြောင်း ဖော်ပြထားပါတယ်။ အဲဒီစစ်သည်နဲ့ ဆက်စပ်ထိတွေ့မှုရှိခဲ့သူ‌တွေကိုလည်း လိုအပ်တဲ့ရောဂါရှာဖွေ ဖော်ထုတ်တာ၊ အသွားအလာကန့်သတ်စောင့်ကြပ် ကြည့်ရှုတာ‌တွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ တပ်မတော်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ခဲနဲ့ပေါက်လွတ်သည့်စိတ်မနှံ့သည့် အဘွားအိုကြီးကို သုံးထပ်ဆောင် ဓမ္မာရုံသစ်အောက်အရက်လာသောက်သည့်အမျိုးသား (၂) ဦးက နှာခေါင်းနှင့် ပါးစပ်တို့တို အဝတ်စ ဖြ င့်ပိတ်ဆို့ပြီး အဓမ္မပြုကျင့်ခဲ့ရာ သေဆုံးသွားခဲ့၍ ပြစ်မှုကျူးလွန်သူအမျိုးသား (၂) ဦးကိုဖမ်းဆီးရမိထားပြီး လူသတ်မှု၊ မုဒိန်းမှုတို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း စစ်ကိုင်းမြို့မ ရဲစခန်းမှ သိရှိရသည်။ စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက် ၁၉/၂၀ လမ်းထိပ် ပေါ်တော်မူဘုရားမြောက်ဘက် မိုးချောင်းအတွင်းမှာ ကျုးကျော်နေအိမ်များမှာ နေထိုင်သည့်သူများဖြစ်သော အရက်မူးနေကြသော အသက် (၂၄) နှစ်ရှိ ကိုဇင်မျိုး (ခ) ဂျက် နှင့်အသက် (၁၇) နှစ်ရှိ မောင်အောင်ကျော်ထက် (ခ) စိုးပေတို့ သည် မေလ (၃) ရက်နေ့ ည (၁၁) နာရီအချိန်ခန့်ကစစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့၊ ဒါးဝယ်ဈေးရပ်ကွက်၊ ငါးထပ်ကြီး ဘုရားဝန်းအတွင်း ရှိ ဘုရားကြီးဘေးရှိမြောက်ဘက်မုဒ် သုံးထပ်ဆောင် ဓမ္မာရုံသစ်ကြီးအောက်တွင် အရက်သောက်ရန် ရောက်ရှိလာစဉ် ဓမ္မာရုံသစ်ကြီး အောက်၌...
ARSA အကြမ်းဖက်သမားတွေက မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုးကင်းလှည့်ဆောင်ရွက်နေတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေကို ချောင်းမြောင်းပစ်ခတ်ခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်းတစ်လျှောက် တည်ငြိမ်အေးချမ်းရေး၊ လုံခြုံ ရေး၊ တရားမဝင်ဖြတ်ကျော်မှုနဲ့ မူးယစ်ဆေးဝါးတွေ သယ်ယူပို့ဆောင်မှုမရှိစေရေးတို့အတွက် လုံခြုံရေးဆောင်ရွက်နေတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဝင်တွေကို မေ(၂)ရက် မနက်ပိုင်းမှာ ARSA အကြမ်းဖက်သမားတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်းကနေ ချောင်းမြောင်းပစ်ခတ်ခဲ့တာပါ။ ဖြစ်စဉ်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေက နယ်စပ်ခြံစည်းရိုးတစ်လျှောက် လုံခြုံရေးလုပ်ငန်းတွေဆောင်ရွက်စဉ် နယ်ခြားမှတ်တိုင်၊ ဘီပီ ၄၁ ရဲ့ အရှေ့တောင်ဘက် မီတာ ၄၀၀ ကို ရောက်ရှိစဉ် ARSA အကြမ်းဖက်သမားတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကနေ ချောင်းမြောင်းပစ်ခတ်ခဲ့ ပါတယ်။ ချက်ချင်းပဲ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ၊ တပ်မတော်စစ်ကြောင်းတို့က စစ်ကူပေးလိုက်ခဲ့ပြီး ပြန်လည် ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားတွေဆုတ်ခွာထွက်ပြေးသွားကာ ရဲတပ်ဖွဲ့ဝင် ၂ ယောက် ထိခိုင်ဒဏ်ရာ ရရှိခဲ့တယ် လို့ ဖော်ပြထားပါတယ်။ ARSA အကြမ်းဖက်သမားတွေအနေနဲ့ နယ်စပ်မျဉ်းကတစ်ဆင့်...
ဒေါက်တာရှီဂျန်လိ ဆိုတာ ဘယ်သူလဲလို့ သုတေသနသမားတွေကို မေးရင် လင်းနို့မှာတွေ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-like Coronavirus) ကို လူသားတွေဆီ ကူးအောင်လုပ်နိုင်တဲ့ နည်းကို ရှာဖွေတွေ့ရှိခဲ့သူ အဖြစ်သိကြတယ်။ ဝူဟန်မြို့က ဆိုရှယ် မီဒီယာတွေမှာတော့ Mother of Evil လို့ ခေါ်ကြတယ်။ လင်းနို့တွေနဲ့ နှစ်ပေါင်းများစွာ အလုပ် လုပ်ခဲ့အတွက် Bat Woman လို့လည်း ခေါ်ကြတယ်။ပုံမှန်အားဖြင့် လင်းနို့မှာတွေ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ လူတွေဆီ ကူးလေ့မရှိဘူး။ ဒါပေမဲ့ သူ့ရဲ့ မျိုးရိုးဗီဇကို ပြောင်းလိုက်ရင်တော့ လူတင်မက တစ်ခြားသတ္ထဝါဆီ ကူးနိုင်တယ် ဆိုတာ ရှာတွေ့ခဲ့ပါတယ်။ အဓိကတော့ လူတွေကို ကူးတဲ့နည်းကို ရှာတွေ့တယ်လို့ ပြောလိုက်တာ ပညာရှင်တွေ အားလုံး အထိတ်တလန့် ဖြစ်ခဲ့ကြရတယ်။ အဲဒါ နဲနဲတော့ ကြာခဲ့ပြီ။ ၂၀၁၃ နှစ်ကုန်ပိုင်းလောက်ကပေါ့။ ကိုယ်ကလည်း အဲ့အချိန်က...
COVID-19 ဓာတ်ခွဲစစ်ဆေးရန် အနည်းဆုံး ကျပ်(၁)သိန်းကျော်မှ (၇)သိန်း ဝန်းကျင်အထိ ကုန်ကျ COVID-19 ရောဂါပိုးရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးဖို့ လူတစ်ဦးကို အနည်းဆုံးကျပ်(၁)သိန်းကျော်ကနေ (၇)သိန်းဝန်းကျင် အထိ ကုန်ကျတယ်လို့ နီနီရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်းဥက္ကဋ္ဌ ဒေါက်တာခင်ပြုံးကြည်က ပြောပါတယ်။ “ဒီဟာစစ်ဖို့ test တစ်ခုတည်းကို တစ်သိန်းကျော်ကျော်လောက်ကျပါတယ်။ ကျန်တဲ့ PPE ဝတ်စုံတွေပါမယ်၊ test ကလည်းတစ်ကြိမ်တည်းမရဘူးပေါ့နော် တစ်ခါတစ်လေကျရင် ထပ်ပြီးစစ်ရတာတွေ ဘာတွေရှိရင် တစ်သိန်းကျော် ကနေ ခုနှစ်သိန်းလောက်အထိကုန်ကျတယ်”လို့ ဒေါက်တာ ခင်ပြုံးကြည် ကပြောပါတယ်။ လက်ရှိမှာတော့ COVID-19 ဓာတ်ခွဲစစ်ဆေးမှုကို အစိုးရကသာ လုပ်ဆောင်နိုင်ပြီး ပုဂ္ဂလိကဓာတ်ခွဲခန်းတွေမှာတော့ စစ်ဆေးနိုင်မှုမရှိသေးပါဘူး။ နည်းပညာနဲ့ နည်းစနစ်လိုအပ်ချက်တွေရှိသလို ဓာတ်ခွဲခန်းဆိုင်ရာ ဇီဝလုံခြုံမှုအဆင့် တွေမှာလည်း လိုအပ်ချက်ရှိတဲ့အတွက် ပုဂ္ဂလိကဓာတ်ခွဲခန်းတွေမှာ မလုပ်ဆောင်နိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။ လတ်တလော မြန်မာနိုင်ငံမှာ Polymerase Chain Reaction(PCR) နည်းပညာနဲ့ COVID-19 ဗိုင်းရပ်စ်ရောဂါပိုး ရှိ...
ချစ်နွေလို ရိုးသားပြီး စိတ်ထားဖြူစင်တဲ့ မိန်းကလေးအဖြစ်သရုပ်ဆောင် ခဲ့တဲ့ ခြူးလေးက ” နွေလည်ညရဲ့ လမင်း ” ဆိုတဲ့ ဇာတ်လမ်းမှာတော့ အတ္တကြီးပြီး ဗီလိန်ဆန်တဲ့ စိုးစန္ဒာဆိုတဲ့မိန်းမ တစ်ယောက်ရဲ့ ကာရိုက်တာနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တဲ့မင်းသမီး တစ်လက်ပဲဖြစ်ပါတယ် ။ မတူညီတဲ့ ကာရိုက်တာနှစ်မျိုးကို ကွဲပြားအောင် ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ခဲ့တဲ့ MRTV-4 မင်းသမီးတွေထဲက ပရိသတ်အားပေးမှု အများဆုံးရထားတဲ့ မင်းသမီးလေးပါ ။ အမြဲ Tik Tok လေးတွေဆော့ရင်း ပျော်ပျော်နေတတ်တဲ့ ခြူးလေးကတော့ မကြာသေးမီ အချိန်တစ်ခုကမှ ချစ်သူနဲ့ လမ်းခွဲခဲ့ပြီး အရမ်းကိုခံစားခဲ့ရလို့ ပရိသတ်တွေက စိုးရိမ်နေခဲ့ကြပေမယ့် အခုချိန်မှာတော့ အနုပညာအလုပ်တွေလုပ်ရင်း ပြန်လည် ပျော်ရွှင်နေခဲ့ပြီဖြစ်ပါတယ် ။ လတ်တလောမှာတော့ ခြူးလေးတစ်ယောက် ဘဝ ဆိုတာ နေတတ်ရင် ကျေနပ်စရာကြီးပါ ….အပူတွေ မရှာ ပါရစေနဲ့ Korea ကားလေးနဲ့ဘဲ...