Thursday, May 28, 2020
Home Blog Page 3
နာမည်ကျော်မင်းသမီးခိုင်သင်းကြည်ရဲ့ ခင်ပွန်းဖြစ်သူ ကိုခန့်နိုင်ကတော့ Golden KTK Co., Ltd ရဲ့ Managing Director တစ်ယောက်ဖြစ်ပြီး ဝန်ထမ်းတွေကို အမြဲ ကြည့်ရှုတတ်တဲ့ အလုပ်ရှင်တစ်ယောက်အဖြစ် အားလုံးကချစ်ခင်ကြသလို မိသားစုကိုလည်း အစစရာရာ ပြည့်စုံအောင်ထားနိုင်တဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပဲဖြစ်ပါတယ် ။ အနေအေးသလို ဇနီးနဲ့သမီးလေးကို အရမ်းချစ်တတ်တဲ့ ကိုခန့်နိုင်ကို အနုပညာရှင် ညီအစ်ကိုမောင်နှမတွေကလည်း ချစ်ခင်ကြတယ်ဆိုတာ အထူးပြောစရာမလိုတော့ပါဘူးနော် ။ အနုပညာရှင်တစ်ယောက်လို့ ပြောလို့ရတဲ့ ဓာတ်ပုံဉာဏကလည်း ကိုခန့်နိုင်နဲ့ပတ်သက်ပြီး ” ကျွန်တော်ဒီထက်ကောင်းတဲ့ ကားဝယ်စီးနိုင်တယ် ဒါပေမယ့်မဝယ်ဘူး… အဲဒီအစား အလုပ်ထဲကိုပိုက်ဆံထည့်လိုက်ရင် ဝန်ထမ်း(၄၀၀/၅၀၀)ကို ကျနော် အလုပ်ပေးနိုင်မယ် (လွန်ခဲ့တဲ့ ၇/၈နှစ်ခန့်က နိုင်ငံကျော်ရုပ်ရှင်မင်းသမီး အကယ်ဒမီခိုင်သင်းကြည် Khine Thin Kyi ရဲ့ခင်ပွန်း ကို Khant Naing ရဲ့လေးစားလောက်တဲ့စကား… ဒီလိုစကားကိုကြားခွင့်ရတဲ့အတွက်လည်းကျေးဇူးပါကိုခန့်) ဆိုတဲ့ စာသားလေးနဲ့ အတူ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ကိုခန့်နိုင်အကြောင်းကို ပို့စ်လေးတစ်ခုရေးသားလာခဲ့ပါတယ်...
၁၉၉၈-၉၉ ခုနှစ် ချန်ပီယံဆုဖလား ၃ လုံး ရယူထားနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တဒ် အသင်း ရဲ့ တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ အန်ဒီကိုးလ် ဟာ ” ဒါဟာ အနိုင်ရရှိ ဖို့ စိတ်ဓါတ်ပြင်းထန် ဖို့က အရေးကြီးဆုံးလို့ ကျနော်ထင်တယ်။ ကျနော် ယူနိုက်တဒ် မှာ ရှိတဲ့အချိန်တုန်းက ကျနော်တို့အသင်းဟာ အနိုင်ရရှိဖို့ အရမ်း စိတ်ဓါတ်ပြင်းထန်ကြတယ်။ လေ့ကျင့်ရေးတွေလည်း ပြင်းပြင်းထန်ထန် လုပ်ခဲ့ကြတယ်။ ကျနော်တို့အားလုံးရဲ့ တူညီပန်းတိုင်တစ်ခုက ဘောလုံးရာသီကုန်ဆုံးတဲ့အချိန်ကျရင် ကျနော်တို့အသင်း ဆုဖလား ရရှိဖို့တစ်ခုတည်းအတွက်ပါပဲ။ အဲလို စိတ်ဓါတ်သာ ကစားသမားတွေမှာ ရှိနေပြီဆိုရင် ဒါဟာ စစ်ပွဲတစ်ခု သာဆို တစ်ဝက်တိတိ အနိုင်ရရှိခဲ့ပြီလို့ ပြောလို့ရနိုင်ပါတယ်။” လို့ ပြောကြားသွားပါတယ်။ MEN ရဲ့ မေးမြန်းမှုတွေကို အန်ဒီကိုးလ် က ” လီဗာပူးလ် နဲ့ မန်စီးတီး အသင်း...
မန်ချက်စတာယူနိုက်တဒ် ကစားသမားဟောင်း ဖြစ်တဲ့ ဒေးဗစ်ဘက်ဟမ်း ဟာ သူတို့ ငယ်ငယ်က Class of 92 အစုအဖွဲ့ဆိုပြီး ယူနိုက်တဒ် instagram က တင်ခဲ့တဲ့ပုံအောက်မှာ ” Best Boy Band ever ” လို့ ရေးသားခဲ့ပြီး အဲခေတ်အခါက သူ ဝတ်ဆင်ခဲ့တဲ့ ဂျင်းဘောင်းဘီဟာ သူ့အဖေ ရဲ့ ဘောင်းဘီ ဖြစ်နိုင်တယ်လို့ ဟာသနှော၍ ကွန်မန့်ရေးသားထားတာကိုတွေ့ရပါတယ်။ အဆိုပါ ပုံ ထဲမှာတော့ သူရဲ့ ငယ်ဘဝ သူငယ်ချင်းတွေဖြစ်တဲ့ ဂယ်ရီနဗီးလ် ၊ နစ်ကီဘတ် နဲ့ ပေါလ်စခိုး လည်းပါဝင်ပါတယ်။ ဘက်ခမ်း ပါဝင်ပြီး စခိုးလ် ၊ နစ်ကီဘတ် ၊ ရိုင်ယန်ဂစ် ၊ နဗီးလ် ညီနောင် တို့ ဟာ ဆာအဲလက်စ်ဖာဂူဆန် လက်ထက် အိုးထရက်ဖိုဒ့်...
ဝန်ထမ်းအင်အားလျော့ထားမှာဖြစ်လို့ အသင်းလေ့ကျင့်ရေးများပြန်စချိန်တွင် ကစားသမားများအနေနဲ့ ရေချိုးခြင်း အပြင် ၎င်းတို့ ဂျာစီများအား အိမ်တွင်လျှော်ရမည်ဟု ယူနိုက်တဒ်အသင်း တာဝန်ရှိသူများက ပြောကြားထားပါတယ်။ အသင်းကတော့ မေလ ၁၈ ရက်နေ့ တွင်လေ့ကျင့်ရေးအစီအစဉ်များ ပြန်လည်စတင်မှာဖြစ်ပြီး ကစားသမားများကိုလည်း တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းများ နဲ့ ကိုင်တွယ်ထိန်းချုပ်သွားမှာြဖစ်တယ်လို့ဆိုပါတယ်။ ယူနိုက်တဒ် အသင်းကတော့ ဇွန်လ ၈ ရက်နေ့ မတိုင်မီ ပရီးမီးယားလိဒ် ပြန်လည်စတင်ရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်ပါတယ်။ အဆိုပါ ပြင်ဆင်မှုများထဲတွင် ကစားသမားများ အနေနဲ့ လေ့ကျင့်ရေးကွင်းသို့လာရောက်မယ်ဆိုပါက တစ်ဦးတည်း ကားမောင်းလာရခြင်း ၊ အဖွဲ့ငယ်များ ဖွဲ့၍ သီးသန့်လေ့ကျင့်စေခြင်း၊ တစ်ယောက်တစ်လှည့် အလှည့်ကျ လေ့ကျင့်ခန်းဆင်းစေခြင်း များအပြင် လေ့ကျင့်ရေး ပြီးပါကလည်း အိမ်တွင်သာ ရေချိုးရခြင်း အစရှိသည်တို့ကို လိုက်နာရမှာဖြစ်ပါတယ်။ ဝန်ထမ်းအင်အားများလျော့ချထားမည်ဖြစ်သောကြောင့် အဆိုပါ ဝန်ထမ်းများထဲတွင် Laundry ဝန်ထမ်းများလည်း ပါဝင်နေပြီး ကစားသမားများ...
ရိုင်ကိန်းနဲ့ ဒါရင်းဖလက်ချာ ပေါင်းစပ်ထားသူ (သို့မဟုတ်) တော်မီနေး....... မန်ချက်စတာယူနိုက်တက်ရဲ့ ဝါရင့်ကွင်းလယ်လူရိုင်ကိန်းလို့ဆိုလိုက်တာနဲ့ ကြမ်းကြမ်းတမ်းတမ်းဆော့တက်တဲ့ ကွင်းလယ်လူတစ်ဦးလူ မြင်တတ်ကြပါတယ်။ ဒါရင်းဖလက်ချာဆိုရင်တော့ ခန္ဓာကိုယ်ပျော့ပျော့ပြောင်းပြောင်းနဲ့ ဘောလုံးပညာကြွယ်ဝတဲ့ ကစားသမားလို့ဆိုကြပါတယ်။ ယခုအခါ မန်ယူမှာ ထိုနှစ်ဦးပေါင်းစပ်ထားတဲ့ လူငယ်ကစားသမားတစ်ဦး ပေါ်ထွက်လာပြီပဲ ဖြစ်ပါတယ်။ သူကတော့ တော်မီနေးပဲ ဖြစ်ပါတယ်။ ဖာဂူဆန်ခေတ်လွန် မန်ယူကွင်းလယ်မှာ ကစားသမားများပေါ်ထွက်လာပေမယ့် တော်မီနေးလို့ မာမာထန်ထန်နဲ့ မိနစ် (၉၀)လုံးမမောမပန်းကစားပေးနိုင်တဲ့ ကစားသမားရှားပါးလာခဲ့ပါတယ်။ စကော့ဟာ လူငယ်ကစားသမားတစ်ဦးဖြစ်ပေမယ့် သူရဲ့ စကော့တလန်သွေးကိုပြသနေတာကို တွေ့ရပါတယ်။ တော်မီနေးဟာ ရှေးကမန်ယူမှာကစားခဲ့တဲ့ စကော့တလန်ကစားသမားတွေလို အောင်မြင်မှု သိမ်းပိုက်သွားမလား ဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
ဟာရီကိန်းဟာ မန်ယူအသင်းရဲ့ အမှန်တကယ်လိုအပ်တဲ့ကစားသမားလား.... နစ္စရှိုင်း၊ ဝိန်းရူနီ၊ ရော်ဘင်ဗန်ပါစီတို့ နောက်ပိုင်း မန်ယူအသင်းရဲ့ တိုက်စစ်ပိုင်းဟာ အစွယ်ကျိုးနေတဲ့ ကျားတစ်ကောင်လို့ ဖြစ်နေပါတယ်။ ကြားထဲမှာ နတ်ဘုရား မိုဗစ်ကိုခေါ်ယူခဲ့ပေမယ့်လည်း အသက်အရွယ်ကြောင့် အသင်းပြောင်းရွေ့သွားခဲ့ပါတယ်။ ဒါ့ကြောင့် မန်ယူပရိသတ်အများစုဟာ အဆုံးသတ်သေချာတဲ့ တိုက်စစ်မှူးတစ်ဦးကို လိုချင်ကြပါတယ်။ ဒီအချိန်မှာ လာမည့်ရာသီအတွက် အင်္ဂလန်အသင်းနဲ့စပါးအသင်းရဲ့ တိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူမယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဟာရီကိန်းဟာ စပါးအသင်းအတွက် ( 196 )ပွဲကစားပေးခဲ့ပြီး ( 136 ) ဂိုးသွင်းယူပေးထားပါတယ်။ ဒီရာသီမှာ ဒဏ်ရာကြောင့် အနားယူနေပေမယ့်လည်း ဟာရီကိန်းဆိုတဲ့နာမည်ကိုကြားလိုက်တဲ့ အသုံးသတ်ကောင်းမွန်ပြီး ကစားအားကောင်းတဲ့ ကစားသမားဆိုတဲ့ ကမ္ဘာတစ်ဝှမ်းက ဘောလုံးချစ်သူအားလုံး သိရှိပြီးသားဖြစ်ပါတယ်။ ဒါ့ကြောင့် ဟာရီကိန်းမှာ မန်ယူအသင်းအတွက် အမှန်တကယ်လိုအပ်တဲ့ ကစားသမားတစ်ဦးလို့ ဆိုနိုင်ပါတယ်။ ပရိသတ်များရဲ့အမြင်ကိုလည်း Comment မှာ ပွင့်လင်းစွာ ရေးသားပေးသွားပါအုန်းနော်..
မန်ယူအသင်းမှာ မိမိရဲ့ အကောင်းဆုံးအချိန်ကို ပြသနိုင်လို့ ပျော်ရွှင်ခဲ့တဲ့ အန်ဒါဆင်.... မန်ယူအသင်းကို 2007 ခုနှစ်မှာ ပေါ်တိုအသင်းကနေ ပေါင်သန်း (20)နဲ့ ပြောင်းရွေ့လာခဲ့တဲ့ ဘရာဇီးသားလေး အန်ဒါဆင်ကိုတော့ မှတ်မိမယ်ထင်ပါတယ်။ အန်ဒါဆင်ဟာ မန်ယူအသင်းမှာ (၈)ရာသီကြာ ကစားပေးခဲ့ပြီး (၅)ဂိုးသွင်းယူပေးခဲ့ပါတယ်။ ထိုစဉ်ကကွင်းလယ်မှာ ပေါ့လ်စခိုးအသက်အရွယ်ရလာလို့ အန်ဒါစဉ်ကိုခေါ်ယူခဲ့တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ဆိုရပါတယ်။ အန်ဒါဆင်ဟာ ကာရစ်၊ ပေါ့လ်စခိုးနဲ့အတူ ကွင်းလယ်ကိုအကောင်းဆုံးကစားပေးခဲ့ပြီး ဆုဖလားပေါင်းများစွာကို ပိုင်ဆိုင်ခဲ့ပါတယ်။ အန်ဒါဆင်ဟာ မန်ယူအသင်းမှာ ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်၊ လိဂ်ဖလား၊ ကမ္ဘာကလပ်ချန်ပီယံ၊ ကွန်မြူနဒီဒိုင်းများကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် ၂၀၀၉ခုနှစ်မှာ ဖီဖာကချီးမြင့်တဲ့ Golden Boy Award ဆုကိုလည်း ရရှိခဲ့ပါတယ်။
ပေါ့လ်ဘာနဲ့ဘရူနိုဖာနက်တို့တို့ပေါင်းစပ်ထားတဲ့ ကွင်းလယ်နဲ့အတူ ပရီးမီးယားလိဂ်ပြန်စရင် ဖြစ်နိုင်ဖွယ်ရှိသောလူအခင်းအကျင်း.... ကူးစက်ရောဂါကြောင့် ဘောလုံးပွဲတွေရပ်နားခဲ့တာ အခုဆိုရင် (၁)လခွဲကျော်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘောလုံးပရိသတ်များလည်း ပျင်းရိနေမှာ အသေအချာပဲ။ သို့သော် မကြာသေးခင်က ပရီးမီးယားလိဂ်ပြန်လည် စတင်တော့မယ်လို့ ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်ကကြောညာခဲ့ပါတယ်။ ဒါ့ကြောင့်ဘောလုံးပွဲပြန်စခဲ့ရင် မန်ယူအသင်းရဲ့ဖြစ်နိုင်ရှိတဲ့ ကစားသမားအခင်းအကျင်းကို ဖော်ပြပေးလိုက်ရပါတယ်။ ဂိုး - ဒီဂီယာ နောက်တန်း - မက်ဂွိုင်းယား၊ လင်ဒီလော့စ်၊ လုရှော့ခ်၊ ဘီဆာကာ၊ ကွင်းလယ် - ဖရက်၊ တွန်မီနေး၊ ပေါ့လ်ဘာ၊ ဘရူနိုဖာနန်ဒက်၊ ဂျိမ်း ရှေ့တန်း - မာရှယ်
မန်ယူကစားသမားဘဝမှာ အနီကတ်လုံးဝမထိခဲ့တဲ့ ဂန္တဝင်ကစားသမား...... မန်ယူအသင်းနဲ့ဝေးအသင်းရဲ့ဝါရင့်ကွင်းလယ်လူ ရိုင်ယန်ဂစ်ကိုတော့ မန်ယူပရိတ်သတ်တိုင်း မှတ်မိလိမ့်မယ်ထင်ပါတယ်။ 1990မှာ ပေါ့စ်စခိုး၊ ဘက်ခမ်း၊ နီကီဘတ်၊ နဗီးညီနောင်နဲ့ ရိုင်ယန်ဂစ်တို့ရဲ့ ရွှေအိုရောင်မျိုးဆက်တစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။ ဒီထဲမှာမှ ဂစ်ဟာ အထူးခြားဆုံးနဲ့ အသင်းအတွက် အများဆုံးပေးဆပ်ကစားခဲ့တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။   မန်ယူအသင်းအတွက် လူငယ်အသင်းမှာရော စီနီယာအသင်းကြီးအတွက်ပါ ပွဲပေါင်းများစွာ ကစားပေးခဲ့ပါတယ်။ အသင်းအတွက် ( 672 )ပွဲကစားပေးပြီး (114)ဂိုးသွင်းယူပေးခဲ့ပါတယ်။ သို့သော် ဂစ်ဟာ အသင်းမှာ ကစားခဲ့တဲ့ သက်တမ်းတစ်လျှောက်လုံး အနီကတ်ပြသခံရခြင်း မရှိပါဘူး။
ဟန်ဒါဆန်ဟာ အခုချိန်မှာတော့ ရှက်ဖီးလ် အသင်းနှင့် အတူပရီးမီးယားလိဒ် ပွဲစဉ် ၂၈ ပွဲ ကစားပြီးချိန်တွင် ကလင်းရှိ ၁၀ ပွဲ အထိ ရရှိထားတဲ့ လူငယ်ဂိုးသမားဖြစ်ကာ ယူနိုက်တဒ် အသင်းရဲ့ နံပါတ် ၁ ဂိုးသမား ဒီဟေးယားကတော့ အခုနှစ်ဘောလုံးရာသီမှာ ကလင်းရှိ ၁၀ ကြိမ်သာ ရရှိထားတာကြောင့် ဒီဟေးယား ရဲ့ နံပါတ် ၁ ဂိုးသမားနေရာကို ရယူရန် အချိန်ကောင်းတစ်ခု ရောက်ရှိနေပြီဆိုတာ သတ်သေပြလျက်ရှိပါတယ်။ မန်ချက်စတာယူနိုက်တဒ် အသင်းဟာ ရှက်ဖီးလ် အသင်းတွင် အငှားသွားရောက် ကစားနေတဲ့ လူငယ်ဂိုးသမား ဒင်း ဟန်ဒါဆန် နဲ့ပတ်သတ်ပြီး လာမယ့်နွေရာသီအပြောင်းအရွေ့ ကမ်းလှမ်းမှုတွေကို အကုန်ငြင်းပယ်ထားခဲ့ပြီး လူငယ်ဂိုးသမားလေးကို ယခုထက်ပိုမို တိုးတတ်စေရန်အတွက် အငှား စာချုပ်ဖြင့်သာ ဆက်လက် ထားရှိသွားမယ်လို့ ဆိုပါတယ်။ အသက် ၂၃ နှစ်အရွယ် ဒင်း...