Thursday, May 28, 2020
Home Blog Page 6
လက်ရှိ အများယုံကြည်လျက်ရှိသည့် အမြင်များကို ဆန့်ကျင်လျက် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (COVID 19) သည် လူလုပ် ဗိုင်းရပ်စ်တစ်ခုဖြစ်နိုင်ကြောင်း HIV ဗိုင်းရပ်စ်ကို ရှာဖွေတွေ့ရှိခဲ့သည့် နိုဗယ်လ်ဆုရ ဆေးပညာရှင်က ပြောကြားလိုက် သည်။ ၂၀၀၈ ခုနှစ်က ဆေးပညာဆိုင်ရာ နိုဗယ်လ်ဆုချီးမြှင့်ခြင်းခံခဲ့ရသည့် ပါမောက္ခ ‌ဒေါက်တာ Luc Montagnier က လူအများယုံကြည်နေကြသည့် ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုးသည် သဘာဝအရ ဖြစ်လာသောပိုးတစ်မျိုးဖြစ်ပြီး လင်းနို့မှတစ်ဆင့် လူသားများထံ ကူးစက်ခဲ့သည်ဆိုသည့် ယူဆချက်ကို ဆန့်ကျင်ခဲ့ပြီး တရုတ်သုတေသနပညာရှင်များသည် အေအိုင်ဒီအက်စ်ရောဂါပျောက်ဆေးကို ထုတ်လုပ်နိုင်ရန်အတွက် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်သော သုတေသနပြုဆောင်ရွက်ချက်များ ပြုလုပ်ခဲ့သည်ကို ၎င်းအနေဖြင့် သိရှိကြောင်းနှင့် ထိုမှတစ်ဆင့် ပြန့်နှံ့လာသည်ဖြစ်နိုင်ကြောင်း ပြောကြားလိုက်သည်။ တရုတ်အစိုးရထုတ်ပြန်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့ပုံဇာတ်လမ်းဟာ မယုံကြည်မှုတွေရှိနေတယ်ဆိုတာ ကျွန်တော်တို့အနေနဲ့ သိထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လေ့လာမှုတွေအရဆိုရင်လည်း လူ ၁၁၀,၀၀၀ ‌လောက်သေဆုံးထားတဲ့ ဒီကိုရိုနာဗိုင်းရပ်စ် ဇာတ်လမ်းဟာ...
တရားဟောဆရာ ဒေးဗစ်လား အပါအဝင် ၄ ဦးကို သဘာဝဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့် ရောဂါဖြစ်ပွာစေနိုင်သည့် လူစုလူဝေး ပြုလုပ်ဆောင်ရွက်သဖြင့် တရားဟောဆရာ စောဒေးဗစ်လားအပါအဝင် ၄ ဦး ကို အမှုဖွင့်လိုက်ကြောင်းရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက သတင်းထုတ်ပြန် ထားသည်။ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်များအား လိုက်နာရန်ပျက်ကွက်ခဲ့၍ ယင်းသို့ အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဦးစောကွယ်ဝါး(သင်းအုပ်ဆရာ)နှင့် အမှုတော်ဆောင် ဦးစောရေဂန်ဒီတို့အား ရောဂါ ဖြစ်ပွားစေနိုင်သည့် လူစုလူဝေး ပြုလုပ်ဆောင်ရွက်ခဲ့ခြင်းအပေါ် သဘာဝဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ အင်းစိန်မြို့မ ရဲစခန်းမှ (ပ) ၇၀၆ /၂၀၂၀/၂၀၁၃ ဖြင့်လည်းကောင်း ၊ ဦးစောဒေးဗစ် (ခ) ဦးစောဒေးဗစ်လား (တရားဟော ဆရာ) နှင့်...
ဒုတိယသမ္မတနှင့် မိသားစုဝင်များ၊ အနီးကပ်ထိတွေ့မှုရှိသူ အားလုံးကို ဓါတ်ခွဲနမူနာများ ရယူ စစ်ဆေးမည် ------ ------ ---- ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် မိသားစုဝင်များ၊ အနီးကပ်ထိတွေ့မှုရှိသူအားလုံးကို ဓါတ်ခွဲနမူနာများ ရယူပြီး စစ်ဆေးသွားမည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကဧပြီ ၁၄ရက်နေ့က အိမ်တော်သတင်းထောက်များကို ပြောသည်။ ၎င်းက"အခုလို ထိတွေ့မှုသတင်းတွေအပေါ် လူထုစိုးရိမ်မှု မြင့်တက်နေတာ တွေ့ရှိရတဲ့အတွက် ရှင်းရှင်းလင်းလင်း သိနိုင်အောင် ဒုတိယသမ္မတကြီးနဲ့ မိသားစုဝင်တွေ၊ အနီးကပ်ထိတွေ့မှုရှိသူတွေ အားလုံး၊ စုစုပေါင်း လူသုံးဆယ်လောက်ကို ဒီနေ့ ဓါတ်ခွဲနမူတွေ ရယူပြီး စစ်မှာ ဖြစ်ပါတယ်"ဟု ဆိုသည်။ လူမှုကွန်ယက်တွင် ပျံ့နှံ့နေ‌သည့် ဓာတ်ပုံများနှင့်ပတ်သတ်ပြီး အဆိုပါပုံများမှာဖေဖော်ဝါရီလ ၉ ရက်နေ့ကဖြစ်‌ကြောင်း စိစစ်သိရှိရပြီး မြန်မာနိုင်ငံတွင်အစောဆုံး ကူးစက်မှု တွေ့ရှိခဲ့ခြင်းမှာ မတ်လ ၂၃ ရက်နေ့ ဖြစ်ကြောင်း ဦးဇော်ဌေးကပြောသည်။၎င်းက"အဆိုပါဘာသာရေးအဖွဲ့နဲ့ ဒီရက် နောက်ပိုင်း တွေ့ဆုံမှု မရှိဘူး လို့ သိရပါတယ်"ဟုလည်း...
မကွေး မြို့သစ်မှ COVID-19 ရောဂါ ပို့းတွေ့သူကို မကွေးဆေးရုံကြီး သို့ ပို့ဆောင်မည် ----------------- မကွေးတိုင်းဒေသကြီး၊မြို့သစ်မြို့နယ်မှာ COVID-19 ရောဂါ ပို့းရှိသူ တစ်ဦးကို တွေ့ရှိ ခဲ့တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီ ၁၃ ရက်က ကြေညာခဲ့ပါတယ်။ အဲ့ဒီသူဟာ မြိုသစ်မြို့ အမှတ်၁ အခြေခံအထက်တန်းကျောင်းမှာ Facility Quarantine ထားရှိထားသူဖြစ်ပြီး ထိုင်းနိုင်ငံက ပြန်လာသူ တစ်ဦးဖြစ်တယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ COVID-19 ရောဂါ ပိုးတွေသူဟာ မတ် (၂၉) ညနေပိုင်းက မြဝတီ ကနေ ရန်ကုန်ကို ပွင့်သစ်စရတနာကားဖြင့် ပြန်လာသူဖြစ်ပြီး ရန်ကုန်ကနေ မြို့သစ်မြို့ ကိုတော့ မတ် (၃၀) ရက်က မှန်လုံကားနဲ့ ရောက်ရှိလာသူ ဖြစ်ပါတယ်။ မြို့သစ်မြို့ကို ညပိုင်းမှာရောက်လာပြီး မြို့သစ် အထက(၁)မှာ Facility Quarantine ဝင်ရောက်ခဲ့သူ လို့...
မြစ်ကြီးနားမြို့ မျက်မမြင်ကျောင်းများနှင့် မိဘမဲ့ဂေဟာများတွင် (Covid-19) ရောဂါကြောင့် အလှူရှင်များလာရောက်မှု မရှိတော့သည့်နောက်ပိုင်း အစားအသောက်အတွက် အခက်အခဲကြုံတွေ့လာရသည်ဟု သိရသည်။အဆိုပါနေရာများမှာ နောင်နန်း Agape မိဘမဲ့ဂေဟာ နှင့် ဂျန်မိုင်ကောင် Agape မိဘမဲ့ဂေဟာ တို့ဖြစ်သည်။ “အခုလိုမျိုး Covid-19 ရောဂါ ဖြစ်လာတဲ့ချိန်ကျ အလှူရှင်တွေက အရင်လိုရောက်မလာကြတော့ဘူး။ ကျွန်တော်တို့ ကလေးတွေမှာ အစားအသောက်နှင့် အာဟာရပိုင်းမှာ အခက်အခဲတွေ ရှိလာတယ်။” ဟု ဂျန်မိုင်ကောင် အာဂါဗေ မိဘမဲ့ဂေဟာ တာဝန်ခံ ဆရာ မဒိန်ယိန်းဇုန်းက ပြောသည်။ရှိနေဆဲ အစားအသောက်အတွက် လက်ရှိအခြေအနေကို ကျော်လွန်နိုင်သော်လည်း ရေရှည်အတွက် အစားအသောက်ပြဿနာဖြေရှင်းရန် စိုးရိမ်ကြောင်း ထပ်မံ ပြောဆိုသည်။နိုင်ငံတော်အစိုးရမှ သင်္ကြန်ကာလအတွင်း အခြေခံ လူတန်းစားများကို ထောက်ပံ့မည့်အစီစဉ်တွင် ရွှေ့ပြောင်းနှင့် စစ်ရှောင်စခန်းများပါဝင်သော်လည်း မိဘမဲ့ဂေဟာနှင့် မျက်မမြင်ကျောင်းများသည် နေ့လုပ်နေ့စား မဟုတ်သည့်အတွက် မပါဝင်ကြောင်း သိရသည်။ Covid-19 ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်ပြီး ကလေးများ၏ကျန်းမာရေးဆိုင်ရာ...